2015 - All Events

Hot

Post Top Ad

လှုပ်ရှား ကခုန်ခြင်းက နာကျင်မှုကို သက်သာ စေလို့  ကပြီး ကလေးမီးဖွားခဲ့တဲ့ မိခင်

5:24 AM 0
 



Yuki Nishizawa ဆိုသူ အမျိုးသမီးဟာ မီးဖွားခါနီး ၀မ်းဘယ်လောက် နာနေပါစေ ကနေဖို့  ဆုံးဖြတ်ချက်ခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ ဗီဒီယိုစတား တစ်ယောက် ဖြစ်လာမယ်လို့ တော့ မထင်ခဲ့မိပါဘူး။
သူမရဲ့ ဗီဒီယိုကို ဆိုရှယ်မီဒီယာကနေ ကြည့ှ်ရှူမှုပေါင်းဟာ သုံးသိန်း ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ အဆိုပါဗီဒီယိုမှာ Yuki ဟာ မီးဖွားခန်းဝတ်စုံနဲ့ ဗိုက်နာမှုကို သိသိသာသာခံစား နေရပေမယ့် အားအင်အပြည့်နဲ့ ကခုန်နေတာကို တွေ့ မြင်ရမှာပါ။
Yuki ဟာ ကခုန်နေရင်း ရေမွှာပေါက်သွားပေမယ့်လည်း ဆက်လက် ကခုန်နေခဲ့ပါတယ်။  အဆိုပါဗီဒီယိုကို ရိုက်ကူးခဲ့သူ ခင်ပွန်းဖြစ်သူ Connel က သူ့ ရဲ့ဇနီးဖြစ်သူကို အားပေးနေသံအပြင် ရယ်သံကိုပါ ကြားခဲ့ရပါတယ်။ “ ကျွန်တော် မရယ်နေသင့် ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် သူက တော်တော် နာမည်ကြီးချင်နေတာ၊ နာမည်ကြီးချင်ရင် tootsie roll အကို ကလေးမွေးနေတုန်းကလေ” လို့ ပြောနေတာကို ပါ ကြားနိုင်ပါတယ်။
Yuki ဟာ ရင်သွေးလေး Koji ကို ဘောစတွန်မြို့ က ဆေးရုံမှာ သြဂတ်စ်လ ၁၈ ရက်နေ့ က အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး အလေးချိန် ၆ ပေါင်နဲ့ ၁၅ အောင်စ တိတိ ရှိပါတယ်။

Ref: Mirror
http://www.trend.com.mm/2015/08/21/news-7483
Read More

သဲသောင်ပြင်မရှိတဲ့ အနီရောင်ကမ်းခြေ

5:22 AM 0

သဲသောင်ပြင်မရှိတဲ့ အနီရောင်ကမ်းခြေ


ကမ်းခြေ(The Beach) လို့ဆိုလိုက်ရင် ဖြူဖွေးတောက်ပတဲ့သဲသောင်ပြင်ကို အရင်ဆုံးပြေးမြင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာပန်ဂျင်းဒေသမှာရှိတဲ့ အနီရောင်ကမ်းခြေကတော့ အခြားကမ်းခြေတွေလို သဲတွေ  ဖုံးလွှမ်းနေတာမျိုးမဟုတ်ပါဘူး။


ရေစိုစွပ်ရာဒေသမှာ ပေါက်လေ့ရှိတဲ့ ကျူပင်၊ပေါင်းပင်တွေရဲ့ နီရဲလာတဲ့ အရောင်အသွေးကြောင့် ကမ်းခြေဟာ ဘယ်နေရာကြည့်ကြည့်အနီရောင်ဖြစ်နေရတာပါ။ ကမ်းခြေရဲ့ ပြယုဂ်ဖြစ်တဲ့ သဲသောင်ပြင်ကို အဲဒီမှာသင်မတွေ့နိုင်ပါဘူး။ အနီရောင်ကမ်းခြေကိုဖြတ်ပြီး ပင်လယ်ကြီးဆီရောက်တာကြောင့်လည်း အနီရောင်ကမ်းခြေလို့ ခေါ်ရတာဖြစ်ပါတယ်။ အမြဲတမ်းတော့ အနီရောင်ပန်းခင်းကြီးဖြစ်နေတာ မဟုတ်ပါဘူး။ ဧပြီလလောက်မှာ ကမ်းခြေမှာရှိတဲ့ အပင်တွေစတင် ရှင်သန်ကြီးထွား လာလေ့ရှိပါတယ်။ အဲဒီနောက် နွေရာသီတစ်လျှောက်လုံး စိမ်းလမ်းတဲ့ပန်းခင်းကြီးကို တွေ့ရမှာပါ။ ဒါပေမယ့် ဆောင်ဦးရာသီရောက်ရင်တော့ အနီရောင်ဖျော့ဖျော့ ပန်းခင်းအဖြစ် စတင်ပြောင်းလဲလာတော့ကို သင်မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျူပင်တွေပေါက်ပြီး ရေဝပ်ရာဒေသဖြစ်ပါတယ်။

သဘာဝဂေဟစနစ် အကောင်းဆုံးနေရာတစ်ခုဖြစ်ပြီး ငှက်မျိုးစိပ်ပေါင်း ၂၆၀ ကျော်နဲ့ တောရိုင်းတိရိစ္ဆာန်ပေါင်း ၃၉၉ မျိုးကို တွေ့နိုင်တဲ့နေရာဖြစ်ပါတယ်။ အနီရောင်ကမ်းခြေဟာ ရွှံ့နွံထူထပ်တဲ့အတွက် တည်ဆောက်ထားတဲ့ တံတားတွေပေါ်ကနေ ထူးခြားတဲ့ကမ်းခြေအလှကို ခံစားနိုင်ပါတယ်။

source - wikipedia
 http://www.planet.com.mm/detail/28491/World
Read More

ဒေါ်လာ ၄.၅ သန်းတန်တဲ့ အကြွေစေ့ ၃၅၀ စေ့ကို ဖလော်ရီဒါပြည်နယ်မှာ တွေ့ရှိ

5:20 AM 0


ရတနာ သိုက်ရှာဖွေသူ တစ်ချို့ဟာ အမေရိကန် ပြည်ထောင်စု ၊ ဖလော်ရီဒါ ပြည်နယ်မှာ ဒေါ်လာ ၄.၅ သန်း တန်ဖိုးရှိတဲ့ စပိန် ရွှေအကြွေစေ့ တွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ထိုရှာဖွေတွေ့ရှိမှု ဟာ ဟာဗားနား က နေ စပိန်ကို ကူးသန်းခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၃၀၀ ကျော်က သဘောင်္တစ်စီး မုန်တိုင်းဒဏ်ကြောင့် နစ်မြုပ်ခဲ့ရာကနေ အခုမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။  Royal Eight Escudos လို့ လူသိများတဲ့ ရှားပါး အကြွေစေ့ ၉ စေ့ အပါအ၀င် ရွှေအကြွေစေ့ ပေါင်း ၃၅၀ ခုကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ထို အကြွေစေ့တွေကို စပိန်နိုင်ငံ ထံသို့ ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

1715 Fleet - Queens Jewels လို့ အမည်ရတဲ့ ရတနာ သိုက်ရှာဖွေရေး ကုမ္မဏီ ကသာ ထို ရှာဖွေတွေ့ရှိခဲ့တဲ့ သဘောင်္ပျက်ကို ပိုင်ဆိုင်ခွင့် ရမှာ ဖြစ်ပါတယ်။ ထို အကြွေစေ့တွေထဲ အကြွေစေ့ ၂၀ ခန့်ဟာလည်းတော်ဝင် အကြွေစေ့ ၉ စေ့ ထက်အရင်ထုတ်လုပ်ခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ရတနာသိုက် ရှာဖွေသူတွေက မှတ်ချက်ပြုထားပါတယ်။

ထို ရတနာ တွေကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သူဖြစ်တဲ့ အသက် ၅၁ နှစ်အရွယ်  William Bartlett ကတော့ "ရွှေတွေကြည့်ရတာ မနေ့တစ်နေ့ ကမှ ရေထဲနစ်မြုပ်ထားတဲ့ ပုံစံပေါက်ပါတယ်" လို့ ဆိုခဲ့ပါတယ်။ Barlett ဟာ ထို ရတနာသိုက်ကို ရှာဖွေတဲ့ ၃ ယောက်အဖွဲ့ ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်နေ့က ဖလော်ရီဒါ ပြည်နယ် Vero ကမ်းခြေကနေ သွားရောက်ရှာဖွေရင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။

၁၇၁၅ ခုနှစ်မှာတုန်းက ဇူလိုင်လ ၃၀ ရက်နေ့မှာ ဖလော်ရီဒါပြည်နယ် အရှေ့ဘက် ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စပိန်နိုင်ငံပိုင် ရတနာ ပစ္စည်းများတင်ဆောင်ထားကြတဲ့ သဘောင်္ ၁၁ စီး ဟာ မုန်တိုင်းတစ်ခုရဲ့ တိုက်ခတ်မှု ကြောင့် နစ်မြုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ထို ရှာဖွေတွေ့ရှိခဲ့တဲ့ ဒေါ်လာ ၄.၅ သန်းတန် အကြွေစေ့တွေကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လက်ထဲ ပြန်အပ်မှာဖြစ်ပေမယ့် 715 Fleet - Queens Jewels ကုမ္မဏီကတော့ ရှာဖွေတွေ့ရှိမှု တန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကို ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )
thithtoolwin
Read More

နေရောင်ထိရင် အသားအရေပျက်စီးတဲ့ရောဂါကို တစ်မြို့ လုံးနီးပါး ခံစားနေရတဲ့ ဘရာဇီးနိုင်ငံက တစ္ဆေရွာလေး

5:19 AM 0


ဘရာဇီးနိုင်ငံသား Djalma Jardin ဟာ ပိတ်လို့ မရတော့တဲ့ မျက်လုံးတစ်ဖက်တည်းသာရှိတော့ပြီး သူဟာ နေ့ အချိန်တွေကို အိမ်တွင်းအောင်းပြီးသာ ကုန်ဆုံးနေရပါတယ်။

Sao Paolo ပြည်နယ်က Araras ရွာလေးဟာ တစ္ဆေရွာလို့ နာမည်ကျော်နေပြီး ရွာသား အများစုဟာ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေပျက်စီးမှုကို အရေပြားက ပြန်လည်ထိန်းသိမ်းမပေးနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ Xeroderma Pigmentosum (XP) ခေါ် မျိုးရိုးလိုက်တဲ့ရှားပါးရောဂါတစ်မျိုးကို ခံစားနေရတာဖြစ်ပါတယ်။

ရွာလူဦးရေ ၈၀၀ ထဲက ၆၀၀ ဟာ XP ရောဂါခံစားနေရပြီး အယောက် ၂၀ လောက်ဟာ ရောဂါလက္ခဏာသိသိသာသာ ပြလျက်ရှိကာ အရေပြားကင်ဆာရောဂါ XP ရဲ့ ဆိုးရွားတဲ့ ဒဏ်ကို ခံနိုင်စွမ်းမရှိပါဘူး။

Mr.Jardin ရဲ့ မျက်နှာဟာ ရောဂါကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နပြီး မျက်လုံးတစ်လုံးသာ ကျန်ရှိတော့ပါတယ်။ မျက်ခွံပါ ထိခိုက်ခဲ့တာကြောင့် ကျန်မျက်စိ တစ်လုံးကိုပါ မပိတ်နိုင်ဘဲ ပလာစတာအုပ်ပြီး အိပ်စက်ရတယ်လို့ ဆိုပါတယ်။

“ ကျွန်တော်အပြင်ထွက်တာနဲ့ နေရောင်က ကျွန်တော့်ကို လောင်နေတာကို ခံစားရပါတယ်။ အိမ်ရာဝင်ပြီး နောက်တစ်နေ့ ရောက်ရင် ကျွန်တော့်ကိုယ်မှာ အကွက်သေးသေးလေးတစ်ခုဖြစ်လာတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ဒီအကွက်က တဖြည်းဖြည်းကြီးလာတတ်တယ်။ ကျွန်တော့်မျက်လုံးမှာဖြစ်ခဲ့တဲ့အနာလိုပဲ ကြီးထွားမှုက ရပ်တန့် မသွားတတ်ဘူး” လို့ Mr.Jardin က ရင်ဖွင့်ပါတယ်။

Mr.Jardin ကို အင်တာဗျူးလုပ်ပြီး မကြာခင်မှာပဲ သူ့ ရဲ့ရောဂါအခြေအနေဟာ ပိုမို ဆိုးရွားလာပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ Sao Paulo က မျိုးရိုးဗီဇနှင့်ဇီဝပညာရှင် Dr.Carlos Menck ဟာ အဆိုပါ ရွာကို သွားရောက်ပြီး ဒီရွာလေးမှာ ဘာလို့ ဒီရောဂါဖြစ်နေရလဲ ဆိုတာ စူးစမ်းခဲ့ပါတယ်။

“ သိပ်မကြာခင်ကအထိ လူတွေဟာ ဒီရောဂါက ကူးစက်ရောဂါလို့ ထင်ခဲ့ကြတယ်။ တကယ်တမ်းတော့ မျိုးရိုးလိုက်တဲ့ရောဂါဖြစ်ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

ရွာသားအကုန်လုံးကို ဆေးစစ်မှုပြုလုပ်ခဲ့ရာမှာ စုစုပေါင်းအယောက် ၈၀၀ မှာ ၆၀၀ ဟာ ငုပ်နေတဲ့ XP မျိုးရိုးဗီဇတွေ ပါဝင်နေတာကို တွေ့ ရှိခဲ့ရပါတယ်။ Araras ရွာကလူတွေ ဟာ အချင်းချင်းပြန်လက်ထပ်လေ့ရှိပြီး ဒီမျိုးရိုးဗီဇက အများစုမှာ လွှမ်းမိုးသွားခဲ့ကာ ရောဂါပေါပေါ်လာတာဖြစ်တယ်လို့ သိရပါတယ်။ XP ရောဂါအတွက် ကုသဆေးမရှိသေးဘဲ ရွာသားတွေကို နေရောင်ခြည်က လုံးဝရှောင် ရှားဖို့ သာ ဆရာဝန်တွေ သတိပေးနိုင်ခဲ့ပါတယ်။

( Ye Wint )
 thithtoolwin
Read More

ရောင်ပြန်ပါတဲ့အကျီင်္မ၀တ်ရင် ဒဏ်ရိုက်ခံရမယ့် အီတလီ က ပြည့်တန်ဆာများ

5:17 AM 0


အီတလီ နိုင်ငံမှာ ရှိတဲ့ ပြည့်တန်ဆာ တွေဟာ စည်ပင်သာယာ နဲ့ လမ်းပြုပြင်ရေး အဖွဲ့ဝင်တွေလိုပဲ ညဘက်မှာ မြင်နေရနိုင်တဲ့ ရောင်ပြန်ပါတဲ့ ကုတ်အကျီင်္တွေ ၀တ်ဆင်ဖို့ ညွှန်ကြားခံရတယ်လို့ သိရပါတယ်။

ဒါကြောင့် သူတို့ဟာ ညကလပ်တွေအတွင်းမှာပြုလုပ်တဲ့ ပါတီတွေမှာလည်း ထင်ရှားစွာမြင်တွေ့နိုင်မှာ ဖြစ်သလို ည အမှောင်ထဲမှာလည်း ပိုမို အန္တရာယ်ကင်းလာတော့မှာပါ။

Spino d'Adda လို့ ခေါ်တဲ့ မြို့က မြို့တော်ဝန် က ပြည့်တန်ဆာတွေကို လမ်းပြုပြင်ရေးလုပ်သားတွေလို ၀တ်ဆင်ရမယ်လို့ အမိန့်ပေးခဲ့တာဖြစ်ပြီး ပြည့်တန်ဆာ တိုင်းလိုလို မီနီ စကတ်များ ၀တ်ဆင်ထားခြင်းကို ပယ်ဖျက်လိုက်တာပဲ ဖြစ်ပါတယ်။

Luciano Sinigaglia လို့ခေါ်တဲ့ မြို့တော်ဝန် က ပြောပြခဲ့တာကတော့" လိင်လုပ်သားတွေဟာ လမ်းပြုပြင်ရေးအတွက် အလုပ်လုပ်တဲ့ ၀န်ထမ်းတွေလိုပဲ ဖြစ်သင့်ပါတယ်။ ပြည့်တန်ဆာတွေဟာ သူတို့ကို ညဘက်မှာ ထင်ရှားစွာမြင်တွေ့နေရမယ့် အ၀တ်အစားတွေကို ၀တ်ဆင်ရပါလိမ့်မယ်။ ဒါတွေဟာ ဥပဒေ အရ ပြဋ္ဌာန်းချက်တွေဖြစ်ပြီး စက်တင်ဘာလမှာ စတင်အတည်ပြုမှာ ပါ" လို့ ဆိုပါတယ်။

အကယ်၍ ထို ဥပဒေ ကို မလိုက်နာတဲ့ ပြည့်တန်ဆာတွေဟာ စတာလင်ပေါင် ၃၆၀ ဒဏ်ငွေ ပေးဆောင်ရမှာ ဖြစ်ပြီး နောက်လထဲမှာပဲ စည်းမျဉ်းတွေနဲ့ အရေးယူမှု တွေကို စတင်လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။

မြို့တော်ဝန် Mr Sinigaglia ကတော့ " ယောကျာင်္းတွေအနေနဲ့ စိတ်ရှုပ်ထွေးပြီး လမ်းလုပ်သားတစ်ယောက်ကို မှားယွင်းစွာ ခေါ်ဆောင်သွားတာမျိုးမလုပ်မိဖို့ပဲ မျှော်လင့် ရပါတယ်" လို့ ဆိုပါတယ်။

( Mario )


thithtoolwin.com
Read More

တစ်နှစ်ကို အကြိမ်ရေသန်းနဲ့ချီ မိုးကြိမ်အပစ်ခံရတဲ့နေရာ

11:52 PM 0

တစ်နှစ်ကို အကြိမ်ရေသန်းနဲ့ချီ မိုးကြိမ်အပစ်ခံရတဲ့နေရာ


ဗင်နီဇွဲလားမှာရှိတဲ့ ကာတာတမ်ဘိုမြစ်ဟာ နှစ်စဉ်မိုးကြိုးမုန်တိုင်း များစွာဖြစ်ပေါ်လေ့ရှိပြီး တစ်နှစ်ကို ပျှမ်းမျှအကြိမ်ရေ ၁.၂ သန်းလောက်မိုးကြိုးပစ်လေ့ရှိပါတယ်။ မိုးကြိုးပစ်၊ လျှစ်စီးလက်တာတွေကို ဓါတ်ပုံရိုက်ချင်၊ ကြည့်ချင်တဲ့ခရီးသွားတွေအတွက်တော့ ဆွဲဆောင်မှုအားကောင်းတဲ့ နေရာဖြစ်ပါတယ်။
Read More

သန္ဓေတားဆေး အဖြစ် အာလူးကို အသုံးပြုခဲ့ရာမှ လိင်အင်္ဂါတွင် အာလူးပင်ပေါက်

9:23 AM 0
ကိုလံဘီယာ နိုင်ငံက အသက် (၂၂)နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ မိခင်ဖြစ်သူရဲ့ အကြံပေး မှုကြောင့် အာလူးကို သန္ဓေတားဆေး အဖြစ် အသုံးပြုခဲ့ တာမို့ ဒုက္ခတွေ့ခဲ့ ရတယ်လို့ သိရပါတယ်။ ဒီလို အသုံးပြုခြင်းကြောင့် အဲဒီအမျိုးသမီးဟာ ဗိုက်အောင့် ဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ ရပါ တယ်။ ဒီ အမျိုးသမီးဟာ ဗိုက်အောင့် ဝေဒနာကြောင့် ဆေးရုံကို ရောက်ရှိလာ ပြီးနောက် အာလူးကို သန္ဓေတားဆေး အဖြစ် အသုံးပြု တာကို သိရှိခဲ့ရ ခြင်းဖြစ်ပါတယ်။
Read More

တိုင်ပတ်အက နဲ့ ပုရိသတွေကို စွဲဆောင်နေတဲ့ ပြည့်တန်ဆာများ

9:11 AM 0
အနီရောင် ဇာပုဝါ ခပ်ပါးပါး ကာရံထားတဲ့ မီးရောင် မှိန်မှိန် အခန်းထဲက မိန်းကလေး တဦးဟာ စတီးတိုင်တလုံးကို လက်တဘက်နဲ့ ဆွဲကိုင်ပြီး သူမရဲ့ ခန္ဓာကိုယ် အလှအပကို အကြိမ်ပေါင်းများစွာ လှည့်ပတ်ပြနေတဲ့ ဖျော်ဖြေမှုကတော့ လမ်းသွား လမ်းသွာ လူထု ပရိတ်သတ်ရဲ့ အာရုံကို အမှန်တကယ်ပဲ ဖမ်းစားနိုင်ပါတယ်။

လူစည်ကားတဲ့ လမ်းမပေါ်ရှိ နှစ်ထပ် အဆောက်အအုံ တခုရဲ့ ၀ရံတာမှာ မရပ်မနား ပတ်ပြနေတဲ့ အဲဒီ မိန်းကလေးကို ည ဈေး တန်း လျှောက်နေကြတဲ့ လူအုပ်ကြီးထဲက လူကြီး၊ လူငယ်၊ ကလေးတွေက အစ စိတ်ဝင် တစား ကြည့်ကြသလို၊ အဲဒီ နေရာကို တကြိမ်မှ မရောက်ဖူးသေးတဲ့သူတွေအတွက်တော့ တကယ့် အထူးအဆန်းလိုဖြစ်နေကြမှာပါ။

“အဓိကတော့ သူ့ကိုယ်သူ ကြော်ငြာ ပြီး ခန္ဒာကိုယ်ရောင်းတာပေါ့၊ တကယ်လို့ သူ့ကို ကြိုက်တဲ့သူ ရှိရင် အတူနေဖို့ အပြင်ကို ခေါ်သွားလို့ရတယ်၊ ဈေးတော့ ကြီးတယ်၊ တချို့ဆို တနာရီကို ဘတ် ၁၀၀၀ လောက်ပေးရတယ်၊ အဖြူတွေကပဲ ခေါ်တာများ ပါတယ်” လို့ ပတောင် (Patong ) ကမ်းခြေမှာ အလုပ်လုပ်နေတဲ့ ကိုမြင့်ဇော်အောင် က ပြောပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း၊ ဖူးခက်ဒေသရှိ ပတောင် ( Patong ) ကမ်းခြေက ဘမ်ဂလာ (Bangla walking street ) လို့ ခေါ်တဲ့ ညဈေးတန်း တလျှောက်က အရက်ဆိုင်၊ ဘီယာဆိုင်တွေရဲ့ အပေါ်ထပ် ၀ရံတာမှာ အဲဒီလို တဦးတည်း တိုင်လှည့်ပတ်ပြတာ ရှိသလို ဆိုင်ထဲတွေက ဘားတွေမှာလည်းပဲ တိုင်ပတ်ပြနေတဲ့ အမျိုးသမီးငယ် အများအပြားရှိကြပါတယ်။

ဘမ်ဂလာ လမ်းမရဲ့ ဘေးတဘက်တချက်မှာ အရက်ဆိုင်၊ ဘီယာဆိုင်တွေ၊ ဘားတွေ၊ ကလပ်တွေ၊ စားသောက်ဆိုင်တွေ ချည်းပါပဲ။

ဆိုင်တွေထဲမှာတော့ ဘရာစီယာအကျီင်္နဲ့ အတွင်းခံဘောင်းဘီသာသာရှိတဲ့ အ၀တ်အစားမျိုး ၀တ်ဆင်ထားကြတဲ့ အ မျိုးသမီး လေးတွေဟာ အမျိုးသားတွေနဲ့အတူ ဘီယာသောက်သူကသောက်၊ ကသူကနဲ့ စတဲ့ ပုံစံမျိုးစုံကို တွေ့ရပါတယ်။

အဲဒီ လမ်းနဲ့ အနီးတ၀ိုက်မှာတော့ ဆူညံသံတွေနဲ့ပြည့်နှက်နေတဲ့ အတွက် ဆူညံသံကလွဲရင် တခြားဘာသံကိုမှ သဲသဲကွဲကွဲ မကြားရပါဘူး။

အဲဒီအနားမှာ ထမင်းဆိုင်ဖွင့်ထားတဲ့ ကိုသန်းလှိုင် က “ကျနော် ဒီကိုစရောက်တုန်းကတော့ အရမ်းရိုင်းတယ်လို့ မြင်တာပေါ့၊ ဒါပေမယ့် ကြာလာတော့လဲ ရိုးသွားတာပေါ့လေ၊ သူတို့ တွေဟာ စားဝတ်နေရေး အတွက် ရိုးရိုးသားသား လုပ်တာပဲလို့ မြင် လာတယ်၊ ဒါပေမယ့် တဘက်က ကြည့်ပြန်ရင်လဲ အတုမြင် အတတ်သင် ဆိုသလိုပဲ တခြား မိန်းကလေးတွေကပါ ဒီလို ဖြစ် လာမှာကိုတော့ စိုးရိမ်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာလည်းပဲ ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာရေးအတွက် အစိုးရ က လုပ်ဆောင်နေတာတွေ့ရပါတယ်။ ခရီးသွား လုပ်ငန်းတွေ တိုးတက်လာခြင်းနဲ့အတူ နိုက်ကလပ်တွေ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေ၊ ဘားတွေပေါများလာမှာ ဖြစ်ပြီး၊ ပြည့် တန်ဆာလုပ်ငန်းတွေလည်း တိုးပွားလာမှာသေချာပါတယ်။ အဲဒီလို တိုးပွားလာမယ့် လုပ်ငန်းမျိုးတွေကတဆင့် မိမိတို့ ရိုးရာ ယဉ်ကျေးမှုကို ကူးစက် ရိုက်ခတ်လာနိုင်မယ့် အရာတွေကို ကာကွယ်ဖို့ အတွက်တော့ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။

ဖူးခက် ကမ်းခြေတလျှောက်မှာ ကမ်းခြေငယ်လေးတွေ ၁၁ ခု ရှိပြီး၊ ပတောင်ကမ်းခြေကတော့ အစည်ကားဆုံး ဖြစ်သလို ဘမ်ဂလာ ညဈေးဟာလည်းပဲ အပန်းဖြေစရာ နေရာအများအပြားထဲက အစည်ကားဆုံး နေရာ တခုပါ။

အဆောက်အအုံ အပေါ်ထပ်မှာ တဦးတည်း တိုင်ပတ်ပြနေတဲ့ နေရာမျိုးကိုတော့ ဒစ်စကိုဘားလို့ ခေါ်ပြီး၊ အဲဒီလိုဘားမျိုး ရှိ တာကို လူတွေသိပြီး လာချင် လာအောင်ဆွဲဆောင် စည်းရုံးတဲ့အနေနဲ့လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ တိုင်ပတ်ပြီး လှည့် လည် ကပြနေ တဲ့ အမျိုးသမီးကို ငွေကြေး သီးသန့် ပေးရပါတယ်။ ၀ရံတာပေါ်မှာ တိုင်ပတ်ပြတာရယ်၊ ဆိုင်ထဲကဘားတွေမှာ တိုင်ပတ်ပြတဲ့ ပုံစံ ဆိုပြီး ၂ မျိုးရှိကာ၊ ၀ရံတာပေါ်က တိုင်ပတ်သူကိုတော့ ဈေးပိုပေးရပါတယ်။

တိုင်ပတ်ပြီးကပြတဲ့ အမျိုးသမီးတဦးရဲ့ တလအတွက် လစာကတော့ ထိုင်းဘတ်ငွေ ၁၅၀၀၀ ကနေ ၂၀၀၀၀ ၀န်းကျင်ရှိပါ တယ်။ ကနေတာကို သဘောကျပြီး အပြင်ခေါ်သွားမယ်ဆိုရင်တော့ တညတာ ဖျော်ဖြေခအတွက် ဘတ်ငွေ ၂၀၀၀၊ ၂၅၀၀ ၀န်း ကျင်ပေးရပါတယ်။ ၁၀ ပေ ပတ်လည် တနေရာကို ဘားတခုလို့ သတ်မှတ်ထားပြီး အဲဒီဘားကိုလာတဲ့ ဧည့်သည်အရေ အတွက် ပေါ် မူတည်ပြီး အမျိုးသမီးတွေ က ထိုင်ပေးပြီး ပြုစုပေးရပါတယ်။

တချို့ဘီယာဆိုင်ကြီးတွေထဲမှာ ဆိုရင် ဘားတွေ ၂၀ ကနေ ၅၀ ကျော်လောက်ရှိပြီး၊ ဘားတခုမှာ အမျိုးသမီး တဦးစီက တိုင် ပတ် လှည့်ပြလေ့ရှိပြီး၊ စားသောက်သူတွေကို ဖျော်ဖြေ ပေးရလေ့ရှိပါတယ်။ တိုင်ပတ်နေတဲ့ အမျိုးသမီးကို သဘောကျတဲ့ အမျိုး သားတွေ ရှိရင် အတူအဖော်နေပေးဖို့ ငှားရမ်းနိုင်ပါတယ်။

“ဆိုင်ခန်းထဲမှာ တိုင်ပတ်ပြတာကိုတော့ ဂိုးဂိုးဘားလို့ ခေါ်ပါတယ်၊ အဓိကတော့ ဧည့်သည်ခေါ်တာပေါ့၊ ပိုက်ဆံရဖို့အတွက် သူတို့ ခန္ဓာကိုယ်ကို ပြပြီးတော့ လူခေါ်တဲ့သဘောပေါ့၊ အဲဒီလို လုပ်ပြရင် လာတဲ့ ဧည့်သည်က ကြိုက်ရင် ဈေးညှိတယ်၊ ပြီး ရင် သူ့ အတွက် ဘားကို အလျှော်ပေးရတယ်၊ ပြီးတာနဲ့ အပြင်ကိုခေါ်သွားတာပေါ့”လို့ ကိုသန်းလှိုင် က ပြောပါတယ်။

ဘမ်ကလာ ညဈေးဟာ ရန်ကုန်မြို့ထဲက ဘလောက်တခုစာလောက်ပဲ ရှည်လျှားပါတယ်။ ဒါပေမယ့် လမ်းတလျှောက် လုံးမှာ ဘီယာဆိုင်တွေ၊ ဘားတွေ၊ ကာရာအိုကေ ဆိုင်တွေနဲ့အလွန်တရာမှ စည်ကားပါတယ်။ လမ်းတလျှောက်လုံးက ဆိုင်တွေမှာ အလုပ် လုပ်နေကြတဲ့ အမျိုးသမီးကြီး၊ ငယ် မရွေးဟာလည်းပဲ ဘရာစီယာသာသာ အကျီင်္နဲ့စကတ်တို ဒါမှမဟုတ် ပေါင်ရင်းထိ တိုထားတဲ့ ဘောင်းဘီတွေကိုပဲ ၀တ်ဆင်ထားကြပါတယ်။

အဲဒီနေရာကို ရောက်ဖူးနေကြ၊ မြင်နေကြမဟုတ်တဲ့ သူ တဦးဦး အနေနဲ့တော့ မြင်ရတာ ရိုင်းစိုင်းလိုက်တာလို့ မြင်မှာပါ။

အနောက်တိုင်း ယဉ်ကျေးမှုနဲ့လိုက်လျော ညီထွေမဖြစ်သူ တဦး အနေနဲ့ဆိုရင်တော့ တကယ့်ကို စည်းလွတ်၊ ၀ါးလွတ် ဖြစ် ပျက်နေကြတယ်လို့ ထင်ချင်စရာ ကောင်းပါတယ်။

နိုင်ငံတကာ ဧည့်သည်တွေ သန်းချီလာလည်နေကြတာဟာလည်းပဲ အဲဒီလို အရာတွေကြောင့်လို့ ဆိုရမှာပါ။ ထိုင်းနိုင်ငံဟာ ခရီးသွား လုပ်ငန်းမှာ အောင်မြင်သလို တခြားတဘက်မှာ လည်းပဲ ပြည့်တန်ဆာ လုပ်ငန်းတွေ မှိုပေါသလို ပေါများ လာနေ ပါတယ်။ စီးပွားရေးဘက်က ကြည့်ရင် အလုပ်ဖြစ်တယ်လို့ ထင်ရသလို တဘက်ကလည်း ယဉ်ကျေးမှု ဓလေ့တွေ ဆုံးရှုံး သွားတာတော့ အမှန်ပါပဲ။


ဘမ်ဂလာ ညဈေးရဲ့ ဘားတွေထဲက ပြည့်တန်ဆာ အမျိုးသမီး အများစုဟာ ထိုင်းနိုင်ငံသူတွေနဲ့လာအိုသူတွေဖြစ်ပြီး၊ ကမ္ဘောဒီး ယားနဲ့မြန်မာ အမျိုးသမီး အနည်းငယ်ရှိတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကလာတဲ့ အမျိုးသမီးအများစုကတော့ ဖူးခက် ဒေသ ကမ်းခြေတွေက ကာရာအိုကေ ဆိုင်တွေမှာ အများဆုံး ရှိတတ်ပါတယ်။ အဆင့်မြင့်တဲ့ ဟိုတယ်ကြီးတွေမှာတော့ မြန်မာနိုင်ငံ က လာသူတွေကို ဘယ်နေရာအတွက်ပဲ ဖြစ်ဖြစ် အသုံးပြုတာ နည်းပါးပါတယ်။ ကြယ် ၃ ပွင့်အဆင့်နဲ့အောက်တွေမှာပဲ မြန် မာတွေကို အသုံးပြုလေ့ရှိပါတယ်။

ထိုင်းနိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်သလို ဒီမိုကရေစီ နိုင်ငံတခုလည်း ဖြစ်ပါတယ်။ အလားတူ ခရီးသွား လုပ်ငန်းကို ဦးစား ပေး လုပ်ဆောင်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် ခရီးသွား ဧည့်သည်များလာတာနှင့်အမျှ များပြားလာနေတဲ့ နိုက်ကလပ်တွေ၊ ဘီယာဆိုင်တွေ၊ ပြည့်တန်ဆာ လုပ်ငန်းတွေကိုလည်း တရားဝင် လုပ်ကိုင်ခွင့် ပေးထားပါတယ်။

ဒါပေမယ့် ခရီးသွားလုပ်ငန်းနဲ့အတူ ဆက်စပ် ဖြစ်ပေါ်လာနိုင်တဲ့ HIV/AIDS တို့လို ကူးစက်ရောဂါတွေ မပြန့်ပွားရေး အ တွက်လည်း ပြည့်တန်ဆာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ အသိပညာပေး လုပ်ငန်းတွေကို NGO တွေကရော အစိုးရ အာဏာ ပိုင်တွေကပါ အလေးထား လုပ်ဆောင်ပေးလေ့ရှိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဟာ ရာသီဥတုကောင်းမွန်မှု၊ သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှု၊ လည်ပတ်ချင်စရာ ကောင်းတဲ့ ပင်လယ် ကမ်း ခြေပေါများမှု၊ ရှေးဟောင်းနယ်မြေတွေရှိမှု၊ ထိုင်းလူမျိုး အများစုဟာ ဖော်ရွေကြပြီး နှစ်လိုဖွယ် ကောင်းတဲ့အမူ အယာ ယဉ်ကျေးမှု စတာတွေ က ခရီးသွား လုပ်ငန်းအတွက် အားသာချက်တွေ ဖြစ်နေပါတယ်။

ခရီးသွား လုပ်ငန်းကြောင့် နိုင်ငံ စီးပွားရေး တိုးတက်လာတာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေပေါများလာတာနဲ့ တခြား တ ဘက်မှာလဲ အရက်ဆိုင်၊ ဘီယာဆိုင်၊ ဘားတွေ၊ လောင်းကစားရုံတွေ၊ ပြည့်တန်ဆာ လုပ်ငန်းတွေ ပေါများလာတဲ့အတွက် လူငယ်တွေကို အလွယ် တကူ ပျက်စီးစေဖို့ အတွက် လမ်းကြောင်း လွယ်ကူသလို ဖြစ်နေပါတယ်။

တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုသလိုပါပဲ၊ ငွေရလွယ်တဲ့ နေရာတွေနဲ့ နီးတဲ့ ပတ်ဝန်းကျင်က လူငယ်လူရွယ် မိန်း ကလေးတွေ၊ ယောင်္ကျားလေးတွေအတွက်တော့ အတုမြင် အတတ်သင်ဆိုသလို ပျက်စီးဖို့လည်း လွယ်ကူပါတယ်။ ခေတ် နဲ့အညီ ၀တ်ချင် စားချင်စိတ်တွေကြီးစိုးပြီး အတွေးအခေါ် နည်းပါးတဲ့ လူငယ်တွေ အတွက်တော့ တကယ့် ပျက်စီးဖို့ လွယ်ပါ တယ်။

လူငယ်တွေကို အတွေးခေါ် အယူ အဆတွေ ရင့်ကျင့်သူတွေ ဖြစ်လာအောင် ပညာပေးမှုတွေ လုပ်ပေးနိုင်မှသာ အဲဒီ လို ပတ်ဝန်းကျင်တွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို ခွဲခြားတတ်ကြမှာပါ။

ခရီးသွား လုပ်ငန်းဖွံ့ဖြိုးလာခြင်းနဲ့အတူ ကောင်းကျိုး ဆိုးကျိုး တွေဟာလည်းဒွန်တွဲနေတဲ့အတွက် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲသူ တချို့ကတော့ ဘ၀တွေ ပျက်စီးသွားကြသလို တချို့ကလည်း HIV/AIDS တွေ ဖြစ်သွားကြတယ်လို့ ပတောင် ဒေသခံတွေ က ပြောကြပါတယ်။

ဘမ်ဂလာ ညဈေးတန်းမှာ ဘားပေါင်း ၁၀၀၀ ၀န်းကျင်မှာ အလုပ်သမား ထောင်သောင်းချီရှိပါတယ်။ အနီးတ၀ိုက်မှာလည်းပဲ စားသောက်ဆိုင်၊ ကော်ဖီဆိုင်၊ အ၀တ်အထည်ဆိုင်၊ အသုံး အဆောင် ပစ္စည်း အရောင်းဆိုင် စတဲ့ ဆိုင်ခန်းပေါင်းများစွာ လည်း ရှိတဲ့အတွက် အလုပ်အကိုင်တွေ အများအပြား ပေးထားနိုင်ပါတယ်။

“ဒီမှာက အကုန်ရှိတဲ့ အတွက် နိုင်ငံခြားသားတွေကလာကြတာပါ၊ သူတို့တွေလာမှပဲ ကျနော်တို့တွေက ဒါကို အမှီသဟဲ ပြုပြီး တော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရတာပေါ့၊ အဲဒါကြောင့် ကျနော်ကတော့ စီးပွားရေးဘက်ကပဲ ကြည့်ပြီး ကောင်းတယ် လို့မြင် တယ်၊ ဒီဘမ်ဂလာလမ်းလေး တခုတည်းနဲ့ ဒီ ပတောင် ကမ်းခြေတခုလုံး က လူတွေ မီခိုစားသောက် နိုင်တယ် လေ”လို့ ကိုသန်းလှိုင် က ဆိုပါတယ်။

ဘမ်ဂလာဈေးကို ညနေ ၆ နာရီ ၀န်းကျင်ကနေ မနက် ၂ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နေ့ ထူးနေ့ မြတ် အနည်းငယ်မှ အပ နွေ၊ မိုး၊ ဆောင်း သုံးရာသီ လုံး ဖွင့်သလို မိုးတွင်းလို ရာသီမျိုးမှာတောင် လူတွေ ကျိတ်ကျိတ် တိုး စည်ကား ပါတယ်။ ထိုင်းနိုင်ငံရဲ့ ဒုတိယ မြို့တော်နဲ့ မြောက်ပိုင်း မြို့တော် ဖြစ်တဲ့ ချင်းမိုင်မြို့က နာမည်ကြီးလှတဲ့ စနေ၊ တနင်္ဂနွေ ညဈေးတို့ထက် စည်းကားပါတယ်။

ခရီးသွားတွေ များလာသလို တဘက်မှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူများလာတဲ့အတွက်လည်း ရာဇ၀တ်မှု တ ချို့ ဖြစ်ပေါ်လေ့ရှိတယ်လို့ သိရပါတယ်။ ရာဇ၀တ်မှု တွေကတော့ ဖူးခက် ကမ်းခြေ အပြင် ဘန်ကောက်အနီးက ပတ္တယား ကမ်းခြေ တို့လို လူသူ အရောက် အပေါက် များပြားတဲ့ ကမ်းခြေတွေမှာ ဖြစ်တတ်ပါတယ်။

ထိုင်းနိုင်ငံမှာ ခရီးသွား ဧည့်သည် အများဆုံး လာရောက် လည်ပတ်တဲ့နေရာကတော့ ဖူးခက် ကမ်းခြေဖြစ်ပါတယ်။ ခရီးသွား ရာသီတွေမှာဆိုရင် ဖူးခက်လေဆိပ်ကို တရက်တည်းမှာပင် လူသောင်းချီ ဆင်းလေ့ရှိပြီး၊ ထိုင်းနိုင်ငံရဲ့ လူဝင်လူထွက် ဒုတိယ အများဆုံး လေဆိပ်လည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို တနှစ်မှာ ခရီးသွားပေါင်း သန်း ၂၀ ကနေ ၂၅ ကြား လာလေ့ရှိပါတယ်။

ထိုင်းနိုင်ငံရဲ့ ပြည့်တန်ဆာ လုပ်ငန်းဟာလည်း အဓိက စီးပွားရေး လုပ်ငန်းကြီး တခုလို ဖြစ်နေပါတယ်။ အနောက်တိုင်းသား တချို့ကဆိုရင် ထိုင်းနိုင်ငံကို ပြည့်တန်ဆာ ထုတ်လုပ်တဲ့ စက်မှုဇုန် လို့တောင် နောက် ပြောင်လေ့ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် အစိုးရ ကိုယ်တိုင်က ပွင့်လင်း မြင်သာမှု ရှိရှိ တရားဝင် လုပ်ကိုင်ခွင့်ပေးတာ၊ ကျန်းမာရေး အသိပညာပေးမှု စနစ် တကျ လုပ်ဆောင်ပေးနေတာတွေကြောင့် HIV/AIDS ရောဂါကို အတိုင်းအတာ တခုအထိ ထိန်းချုပ် ထားနိုင်တယ်လို့ လိင်လုပ်သား တွေကို ပညာပေးရေးတွေ လုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။

ဖူးခက် ကမ်းခြေမှာ မြန်မာနိုင်ငံကလာတဲ့ ပြည့်တန်ဆာအများအပြားမရှိပေမယ့် ထိုင်းနိုင်ငံတွင်းရှိ တခြားဒေသက ပြည့်တန်ဆာ အများစုဟာ မြန်မာနိုင်ငံကလာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအတွင်းက အဆင့်မြင့်တဲ့ ဟိုတယ် တွေ၊ နိုက်ကလပ်တွေမှာသာ ထိုင်းပြည့်တန်ဆာတွေရှိပြီး၊ ပြည့်တန်ဆာ အ များစုဟာ ၀င်ငွေ ပိုကောင်းတဲ့ စင်ကာပူတို့၊ တောင်ကိုးရီးယား၊ ဂျပန်စတဲ့ နိုင်ငံတွေမှာ ရှိတတ်ကြတယ်လို့လည်း သိရပါ တယ်။

ဖူးခက်၊ ပတ္တယား ကမ်းခြေတွေနဲ့ အဆင့်မြင့် ဟိုတယ်တွေ က ပြည့်တန်ဆာတွေအတွက် ခေါင်းပုံ ဖြတ်မှု မခံရပေမယ့် မြန် မာပြည်ကလာတဲ့ ပြည့်တန်ဆာ အများစုကတော့ သက်ဆိုင်ရာ ပြည့်တန်ဆာ ခေါင်းတွေရဲ့ ခေါင်းပုံဖြတ်တာကို ခံနေကြရ တယ်လို့လည်း သိရတယ်။ အထူးသဖြင့် ကိုယ့်နိုင်ငံသား အချင်းချင်း ရောင်းစားပြီး ပြည့်တန်ဆာဇာတ် အဓမ္မ သွတ်သွင်း ခံရတဲ့ မြန်မာ ပြည့်တန်ဆာ အမျိုးသမီး အများအပြားရှိတယ်လို့ လိင်ပညာပေးရေး အဖွဲ့ကတွေက ပြောကြပါတယ်။


ဧရာဝတီ
Read More

ဝယဉ်ကျေးမယ် ပြိုင်ပွဲ

9:01 AM 0
ကိုယ်ခန္ဓာ အချိုးအစား လှပသူတွေ ၀င်ရောက် ယှဉ်ပြိုင်တဲ့ပွဲကို လှယဉ်ကျေးမယ် ပြိုင်ပွဲလို့ ခေါ်ဆိုလေ့ ရှိပါတယ်။ ဒါပေမဲ့ အင်္ဂလန်မှာ ကျင်းပတဲ့ ပြိုင်ပွဲကတော့ အ၀လွန်သူတွေ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တာကြောင့် ၀ယှဉ်ကျေးမယ် ပြိုင်ပွဲလို့ ပြောင်းလဲ ခေါ်ဆိုရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့  အ၀လွန်တဲ့ အမျိုးသမီးတွေ ၀င်ရောက် ယှဉ်ပြိုင်တဲ့ပွဲ ဖြစ်တာကြောင့် စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
        ဒီပြိုင်ပွဲကို ကျင်းပရခြင်း နောက်ကွယ်မှာ အဓိပ္ပာယ် များစွာ ရှိနေပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ အ၀လွန်သူတွေအပေါ် တန်ဖိုးထား လေးစားမှု မရှိတာကြောင့် ဖြစ်ပါတယ်။ အ၀လွန်နေတဲ့ အမျိုးသမီးတစ်ဦးဟာ ဘယ်နေရာကို ရောက်ရောက် ဝေဖန်ပြောဆိုခံရလေ့ ရှိပါတယ်။ ဒါကြောင့် အ၀လွန်တဲ့ အမျိုးသမီးတွေအပေါ် တန်ဖိုးထားလာဖို့၊ ခွဲခြား ဆက်ဆံမူတွေ လျော့နည်းဖို့ စတဲ့ ရည်ရွယ်ချက် ကောင်းတွေနဲ့ ဒီပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်ပါတယ်။
      ပြိုင်ပွဲကို အင်္ဂလန်နိုင်ငံ တစ်ဝန်းမှ အ၀လွန်အမျိုးသမီး (၂၇)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ပါတယ်။ အ၀လွန်ခြင်းဟာ လှပခြင်း တစ်ခု ဖြစ်တယ်ဆိုတာ သိရှိနိုင်ဖို့ ဒီပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။  ပြိုင်ပွဲကို နှစ်မျိုးခွဲ ကျင်းပခဲ့ပြီး အသက် (၃၀)နှစ်နှင့် အထက်ကိုလည်း ထည့်သွင်းခဲ့တာကြောင့် ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားခဲ့ပါတယ်။ ကိုယ်အလေးချိန် မျိုးစုံရှိတဲ့ အမျိုးသမီးတွေဟာ အ၀တ်အစားမျိုးစုံ ၀တ်ဆင်ပြီး စိတ်အားထက်သန်စွာ ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲကို အလှမယ် ပြိုင်ပွဲတွေအတိုင်း ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အသက် (၁၉) နှစ်အရွယ် ပြိုင်ပွဲဝင်သူတစ်ဦးက မိမိဘ၀ အတွက် အမှတ်တရနေ့ ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မျက်ရည်များပင် ကျခဲ့ရကြောင်း၊ မိမိသည် အရွယ်အစား တဖြည်းဖြည်း ကြီးလာပြီးနောက် ခွဲခြား ဆက်ဆံမှုများကို ရင်ဆိုင်ခဲ့ရကြောင်း၊ အ၀လွန်မှုကြောင့် ရှက်ကြောက်ပြီး အားငယ်ခဲ့ရကြောင်း၊ ယခုအခါ မိမိအနေဖြင့် ယုံကြည်မှုများ ရရှိခဲ့ကြောင်း၊ တစ်ခါမျှ ၀တ်ဆင်ခဲ့ခြင်း မရှိသည့် ရေကူးဝတ်စုံကို ၀တ်ဆင်ခဲ့ကြောင်း ဟြေကြားခဲ့ပါတယ်။ ဒီပြိုင်ပွဲဟာ ဗြိတိန်မှာ ကျင်းပတဲ့ အ၀လွန်သူ ယှဉ်ပြိုင်တဲ့ ပထမဆုံး အလှမယ်ပြိုင်ပွဲ ဖြစ်ခဲ့ပါတယ်။

http://www.messengernewsjournal.com/General/Eventure/detail.php?id=42601
Read More

ထိုင်းအမျိုးသားတဦး လမ်းဘေးခွေးတွေကို ကိုယ်တိုင်သတ်ပြီး ရဲစခန်းသို့ လာရောက်ဝန်ခံ

6:55 AM 0

ထိုင်းနိုင်ငံ ဆူရတ်ဌာနီဒေသ ဖွန်ဖင်းခရိုင်အတွင်းမှာ လမ်းဘေးခွေးလေခွေးလွင့်နှစ်ကောင်ကို ရက်ရက်    စက်စက် ပစ်သတ်ခဲ့တယ်လို့ အမျိုးသားတဦးဟာ အဲ့ဒီဒေသ ရဲစခန်းသို့ လာရောက် ၀န်ခံသွားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အသက် ၂၁ နှစ်အရွယ် Staporn Promtas ဆိုသူကို ရဲစခန်းက ဆင့်ခေါ်ခဲ့တာပါ။
Read More

ကမ္ဘာ့အပူချိန်အမြင့်ဆုံး နေရာသို့မဟုတ် သေမင်းတမန်တောင်ကြားလမ်း

2:25 AM 0

သေမင်းတမန်တောင်ကြားလမ်း(Dead Valley) ဆိုတာ စွန့်စားခန်းဝတ္ထုတွေထဲမှာ အသုံးများတဲ့ စကားလုံး ဖြစ်ပြီး ပြင်ပကမ္ဘာမှာလည်း တကယ်ရှိပါတယ်။ သေမင်းတမန်တောင်ကြားလမ်းလို့အမည်ရတဲ့ ဒေသတစ်ခုဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာရှိပါတယ်။
Read More

အတွင်းအား တွေရဖို့ အိမ်နားကတောင်နံရံ ကို အစိမ်းရောင် ခြယ်သခဲ့တဲ့ အမျိုးသား

6:47 AM 0


အမျိုးသားတစ်ယောက်ဟာ ၉၀၀ မီတာ ရှည်လျားတဲ့ တောင်စောင်း နံရံတစ်ခုကို အစိမ်းရောင် ဆေးတွေ ခြယ်သခဲ့ပြီး အဲဒီလို ခြယ်သ လိုက်ခြင်းအားဖြင့် တောင်စောင်းအနီးနားမှာ ရှိတဲ့ သူ့ရဲ့ နေအိမ်ကို ပိုမိုကောင်းမွန်တဲ့ အတွင်းအား(Feng Shui) တွေ ရရှိစေနိုင်တယ်လို့ ဆိုပါတယ်။
Read More

ကလေးငယ်တွေ အတွက် အန္တရာယ် အရှိဆုံး နိုင်ငံ

6:38 AM 0
ကလေးငယ်တစ်ဦး အဖြစ် အသက်ရှင် နေထိုင်ရန် အခက်အခဲဆုံး နိုင်ငံအဖြစ် ဂွါတီမာလာ သတ်မှတ်ခံထားရသည်။ ၂၀၁၄ ခုနှစ်တွင်း ကလေးငယ်(၆၀၀) ကျော် သတ်ဖြတ်ခံခဲ့ရကြောင်း ဥပဒေ အရာရှိချုပ်ရုံး၏ စာရင်းအင်းများတွင် ဖော်ပြထားသည်။
Read More

ISIS က အီရတ်မှာ အမျိုးသားတစ်ယောက်ကို ‘Gay’ ဖြစ်တဲ့အတွက် အထပ်မြင့် အဆောက်အဦးပေါ်မှ ပစ်ချမှုကို လာကြည့်ခဲ့ကြတဲ့ လူအုပ်ကြီး

6:56 PM 0
အစ္စလာမ်မစ်ပြည်ထောင်စု အမည်ခံ စစ်သွေးကြွ ISIS အဖွဲ့ ဟာ လိင်တူဆက်ဆံတယ်လို့ စွပ်စွဲခံရတဲ့ လူတိုင်းကို ရက်ရက်စက်စက် ဖမ်းဆီးပြီး ကွပ်မျက်လေ့ ရှိနေပါတယ်။

အမျိုးသားတစ်ယောက်ရဲ့ လိင်ဆန္ဒ ဘယ်ဘက်ယိမ်းလဲဆိုတာ ISIS တို့ ဘယ်လိုတွေ့ ရှိမှန်း မသဲကွဲပေမယ့် ဂျီဟတ်ဒ်အဖွဲ့ ဟာ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေကို အဆောက်အဦးတွေပေါ်က ပစ်ချသတ်ဖြတ်တာကို ဆက်လက်လုပ်ဆောင်နေကြောင်း အဖွဲ့ ရဲ့ နောက်ဆုံးဖော်ပြထားတဲ့ ဓာတ်ပုံ တွေအရ သိနိုင်ပါတယ်။
Read More

ကမ္ဘာပေါ်မှာ အလုပ်လက်မဲ့ ဖြစ်နေလို့ စိတ်ဓာတ်ကျပြီး သတ်သေသူ တစ်နှစ်ကို လေးသောင်းခွဲလောက်ရှိနေ

7:06 AM 0
ကမ္ဘာတစ်ဝန်း အလုပ်လက်မဲ့ နေမှုကြောင့် စိတ်ဓာတ်ကျပြီး ကိုယ့် ကိုယ်ကိုယ် သတ်သေသူက တစ်နှစ်ကို ဦးရေ လေးသောင်းခွဲ လောက်ရှိကြောင်း သိရသည်။ ကမ္ဘာ့ စီးပွားရေး ပုံမှန် လည်ပတ်နေသော ယခုလို အချိန်မျိုးတွင် လူအများအပြား အလုပ်တစ်ခုစီ ရှိနေကြချိန်၌ ကိုယ်က အလုပ်လက်မဲ့ ဖြစ်နေပါက ထိုလူမျိုးသည် သူများနဲ့ ယှဉ်ပြီး စဉ်းစားလိုက်တိုင်း သိမ်ငယ်ရသဖြင့် စိတ်ပိုဖိစီးကာ သတ်သေနိုင်ခြေ ပိုများ လာရကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။
Read More

၎ ပေ အရှည်ရှိတဲ့ ပူဖောင်းကို ပါးစပ်နဲ့ မြိုချပြခဲ့တဲ့ အမျိုးသမီး

6:53 AM 0

ဒီ အမျိုးသမီး ဟာ သူမရဲ့ ဘယ်သူနဲ့မှ မတူပဲ ပြောင်မြောက်လှတဲ့ အရည်အချင်းတွေကို ရိုက်ကူးထား ဗီဒီယို တစ်ခုကြောင့် အင်တာနက် ကြယ်ပွင့်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ထို ဗီဒီယို ထဲမှာတော့ သူမဟာ ၄ ပေ ရှည်တဲ့ ပူဖောင်း အရှည်တစ်ခုကို တစ်ဖြည်းဖြည်းချင်း ပါးစပ်ထဲထည့်ပြီး နောက်ဆုံးမှာတော့ သူမဟာ ပူဖောင်းတစ်ခုလုံးကို မြိုချလိုက်နိုင်ပါတယ်။
Read More

ဗြိတိန် နိုင်ငံ မှာ ပုရွက်ပျံ သန်းပေါင်းများစွာ ရဲ့ တိုက်ခိုက်မှုကို ခံနေရ

11:05 PM 0
ဗြိတိန် နိုင်ငံဟာ ထူးဆန်းစွာနဲ့ ပုရွက်ပျံ သန်းပေါင်းများစွာ ရဲ့ တိုက်ခိုက်မှု ကို ခံနေရပါတယ်။

ရာပေါင်းများစွာသော ပြည်သူတွေကလည်း လူမှုကွန်ရက်တွေမှာ ထို ပုရွက်ပျံတွေကို အာရုံနောက်တဲ့အကြောင်းတွေကို အမျိုးမျိုးရေးသားဖော်ပြခဲ့ကြပါတယ်။ တီဗွီ အစီအစဉ် ကြေညာသူတစ်ယောက်ဖြစ်တဲ့ Eamonn Holmes ကလည်း "လန်ဒန် မြောက်ပိုင်းက Totteridge မှာ ညနေပိုင်းကို အချိန်ဖြုန်းခဲ့တယ်။
Read More

အင်ပိုင်ယာ စတိတ် မိုးမျှော်တိုက်နံရံမှာ တောရိုင်းတိရစ္ဆာန် ရှိုးပွဲလုပ်

11:03 PM 0

 နယူးယောက်ခ်မြို့၏ နာမည်ကျော် အင်ပိုင်ယာ စတိတ် မိုးမျှော်တိုက်ကြီး၏ နံရံတွင် စနေနေ့ညက ပရိုဂျက်တာများဖြင့် ထိုးပြီး တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ပညာပေး ရှိုးပွဲလုပ်ခဲ့ကြောင်း သိရသည်။
          ကမ္ဘာတစ်ဝန်း တောရိုင်းတိရစ္ဆာန် များအား သတ်ဖြတ်နေမှုများကို လူအများ သတိထားမိ စေရန်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။
Read More

ကမ္ဘာ့သရဲအခြောက်ဆုံးနေရာစာရင်းမှာ ထိပ်ဆုံးကဦးဆောင်နေတဲ့ သမ္မတော်အိမ်တော်ရဲ့ ကြောက်မက်ဖွယ်ဖြစ်ရပ်အချို့

5:39 PM 0

အိမ်ဖြူတော်ဟာ အမေရိကန်သမ္မတနဲ့ သမ္မတကတော်တို့ နေထိုင်တဲ့ စံအိမ်အဖြစ် ၁၈၀၀ ပြည့်ခုနှစ်လောက် ကတည်းက စတင်အသုံးပြုခဲ့ပါတယ်။ ဘယ်သူမှန်းမသိတဲ့ ခြေသံတွေ၊ တံခါးခေါက်သံတွေ၊ တံခါးကို ထုရိုက်သံတွေ၊ ခွေးဟောင်သံတွေ နဲ့ ရုတ်တရက်ချမ်းစိမ့်စိမ့်ဖြစ်လာတဲ့ ခံစားမှု တွေကို အိမ်ဖြူတော်မှာ နေထိုင်တာဝန်ကျဖူးတဲ့ လူတိုင်း ခံစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။
Read More

ဆရာ (၁) ယောက်ရဲ့သင်ကြားမူကို ကျောင်းသား ( ၃၀၀၀) ကျော် တစ်ပြိုင်တည်း သင်ယူ

3:50 AM 0
သင်တို့နေထိုင်ရာ ပတ်ဝန်းကျင်က စာသင်ခန်းတွေမှာ ဆရာတစ်ယောက် သင်ကြားမှုကို တက်ရောက်နေတဲ့ ကျောင်းသားအရေအတွက် ဘယ်လောက်အထိရှိနိုင်သလဲ။  (၁၀)ယောက်၊ (၂၀)ယောက်၊ (၅၀)ယောက် စသည်ဖြင့် အများအပြား ရှိနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက မြို့ကြီးတစ်မြို့မှာ ဆရာတစ်ယောက်ရဲ့ သင်ကြားမှုကို တက်ရောက် သင်ယူခဲ့တဲ့ ကျောင်းသား အရေအတွက်က ( ၃၀၀၀) ကျော် အထိ ရှိပါတယ်။
Read More

(၃)ပေကျော်ရှိတဲ့ ဆံပင်ကို ဖြတ်ပြီး လှူဒါန်းခဲ့တဲ့ သားငယ်လေး

3:49 AM 0
အင်္ဂလန်နိုင်ငံ၊ ဘက်ကင်ဟမ် ရိုင်းယားဒေသမှာ နေထိုင်တဲ့ အသက်(၁၁) နှစ် အရွယ် သားငယ်လေးဟာ အရွယ်နဲ့ မလိုက်တဲ့ လှူဒါန်းမှုမျိုး ပြုလုပ်ခဲ့ပါတယ်။ ရာဟင်ဝုဒ်ဟာ ကျောင်းကို ပြန်မတက်ရောက်မီ ငယ်စဉ်ဘ၀ထဲက တစ်ခါမှ မညှပ်ဘဲထားတဲ့ သုံးပေကျော်ရှိတဲ့ ဆံပင်ကိုဖြတ်ပြီး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
Read More

ပေ (၂၀၀၀၀) ကျော်ပေါ်ကနေ ခုန်ချပြီး စံချိန်သစ်တင်ရှိ

3:47 AM 0
အမေရိကန် ပြည်ထောင်စု၊ အီလီနွိုက် ပြည်နယ်မှာ တင်ရှိခဲ့တဲ့ ကမ္ဘာ့စံချိန် တစ်ခုက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လေထီးခုန်သမား  (၁၆၄) ဦးဟာ အမြင့်ပေ (၂၀၀၀၀)ကျော်ကနေ ဦးခေါင်းနဲ့ ငိုက်ဆင်းပြီး ခုန်ချခြင်း ပြုလုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။
Read More

အာရှ-ဥရောပဆက်သွယ်မည့် ကမ္ဘာ့အကျယ်ဆုံး ကြိုးတံတား

4:52 PM 0


ဆောက်လုပ်ပြီးစီးချိန်မှာတွေ့ရမယ့် ကမ္ဘာ့အကျယ်ဆုံးတံတားရဲ့ ကွန်ပြူတာဒီဇိုင်းပုံစံနဲ့ Yavuz Sultan Selim တံတားဒီဇိုင်း။

ကမ္ဘာပေါ်မှာ အကျယ်ဆုံးဖြစ်တဲ့ ကြိုးတံတားအသစ်တစင်းကို တူရကီနိုင်ငံ၊ Bosphorus ရေလက်ကြားမှာ တည်ဆောက်နေပါတယ်။ အဲဒီတံတားဟာ ဥရောပနဲ့ အာရှအကြား နောက်ထပ် ဆက်သွယ်ရေးလမ်းကြောင်းတခု ဖြစ်လာမှာပါ။
Read More

ဗြိတိန်နိုင်ငံသား သုံးပုံတစ်ပုံခန့် တစ္ဆေများနှင့် စကားပြောဖူး

1:18 AM 0

ဗြိတိန်နိုင်ငံသား သုံးပုံတစ်ပုံခန့်သည် တစ္ဆေများနှင့် စကားပြောဖူးကြောင်း စစ်တမ်းတစ်ရပ်က ဆိုလိုက်သည်။

          အဆိုပါ စစ်တမ်းသစ်တွင် ဖြေဆိုသူများမှ (၈၂)ရာခိုင်နှုန်းက သဘာဝလွန် စွမ်းအားများနှင့် သရဲတစ္ဆေ္ဆများ ရှိခြင်းကို ယုံကြည်ကြပြီး (၁၆) ရာခိုင်နှုန်းကမူ ကွယ်လွန်သွားသော မိတ်ဆွေများနှင့် မိသားစုဝင်များမှာ ၎င်းတို့ကို ၀ိညာဉ်များအဖြစ် စောင့်ရှောက် နေဆဲဖြစ်သည်ဟု ယုံကြည်ကြောင်း ဖြေခဲ့သည်။ ထို့အပြင် စစ်တမ်း တွင် (၆၈)ရာခိုင်နှုန်းကလည်း ၎င်းတို့သည် သဘာဝလွန် ဖြစ်ရပ်များကို တွေ့ကြုံ ခံစားဖူးကြောင်းနှင့် (၅၆)ရာခိုင်နှုန်းကမူ ၎င်းတို့ချစ်သူများ ဘ၀တစ်ပါး ပြောင်းသွားသော်လည်း အဆက်အသွယ် ရှိဆဲဖြစ်ကြောင်း ဆိုသည်။

Source: BBC
Read More

ကုန်တင်ကားနဲ့ အမြင့်ပေ ၁၆၀ ကို ခုန်ပြပြီး ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ ယာဉ်မောင်း

2:40 AM 0
သင့် အနေနဲ့ ၄၅,၀၀၀ ကီလိုဂရမ် အလေးချိန်ရှိတဲ့ ကုန်တင်ကား တစ်စီးက ပေ ၁၆၀ အမြင့်ကိုရောက်အောင် ခုန်နိုင်တာမျိုးကို တွေ့ဖူးပါသလား?အခုတွေ့ရပါပြီ။

စတန့် အလှပြ ယာဉ်မောင်းတစ်ဦး ဖြစ်တဲ့ Gregg Godfrey က ကြီးမားပြီးလေးလံလှတဲ့ ကုန်တင်ကားတစ်စီးကို လေထဲမှာ ၀ဲပျံနေစေခဲ့ပြီး ပြန်ပြချင်စရာ ပုံပြင်လေးတစ်ပုဒ် အဖြစ် ဖန်တီးနိုင်ခဲ့သလို ကမ္ဘာ့ စံချိန်လည်း တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

သားဖြစ်သူအစား ဖခင်ဖြစ်သူက ပြစ်ဒဏ်ကျခံမှု ပေါ်ပေါက်

3:09 AM 0


အမေရိကန် ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ မှုခင်းတစ်ခုဟာ စိတ်ဝင်စားစရာ ကောင်းခဲပြီး သားဖြစ်သူ ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်ကို ဖခင်ဖြစ်သူက အစားထိုး ကျခံခဲ့ပေမယ့် အဖြစ်မှန် ပေါ်ပေါက်သွားတာကြောင့် သားအဖနှစ်ဦးစလုံး ဒုက္ခရောက် သွားခဲ့ပါတယ်။ သားဖြစ်သူဟာ ယာဉ်တိုက်မှု ကျူးလွန်ခဲ့တာဖြစ်ပြီး လူနှစ်ဦးကို တိုက်ခဲ့ရာမှာ တစ်ဦးက သေဆုံးပြီး တစ်ဦးက ဒဏ်ရာပြင်းထန်စွာ ရခဲ့ပါတယ်။
Read More

နှစ် ၅၀၀၀ သက်တမ်းရှိ ကြောက်စရာအိမ်ကြီးထဲမှ လူသေ ၉၇ လောင်းတွေ့ရှိ

2:22 AM 0


တရုတ်နိုင်ငံမြောက်ပိုင်း၊ နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိ ရွာဟောင်းထဲက အိမ်တလုံးထဲမှာ နှစ်မြုပ်ခံခဲ့ရတဲ့ လူ ၉၇ ဦးရဲ့ အလောင်းတွေကို ရှေးဟောင်းသုတေသန ပညာရှင်တွေက တွေ့ရှိခဲ့တယ်လို့ The Mirror သတင်းမှာ ဖော်ပြပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ အဲဒီအိမ်ဟာ ဒီနေ့ခေတ် အိမ်တွင်း တင်းနစ်ကစားကွင်းတခုထက် ငယ်ပြီး အိမ်တွင်းတွေ့ရှိရတဲ့ အလောင်းတွေထဲမှာ ဆယ်ကျော်သက်လူငယ်တွေ အပါအ၀င် သက်လတ်ပိုင်းအရွယ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
Read More

(၁၆၆)ပေအကွာကို ထရပ်ကားနဲ့ ခုန်ကျော်ပြသူ

11:13 PM 0
ကနေဒါနိုင်ငံ၊ မွန်တာနာမှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ပွဲတော်တစ်ခုမှာ မိုက်ရူးရဲဆန်တဲ့ ပြကွက်တစ်ခုကို ပြသသွားခဲ့ပါတယ်။ အဲဒါကတော့ ထရပ်ကားတစ်စီးနဲ့ ပေပေါင်း (၁၆၆) ပေကို ကျော်ပြ သွားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဂရက်ဖ်ဂေါ့ဖရီ အမည်ရ ထရပ်ကား မောင်းသူဟာ စွန့်စားလွန်းရာရောက်တဲ့ ပြကွက်ကို ပြသခဲ့ခြင်း ဖြစ်ပါတယ်။
Read More

ငါးမန်း တွေ့သဖြင့် ကမ်းခြေပိတ်ထား

11:11 PM 0

ငါးမန်းများ မကြာမကြာ တွေ့နေရသောကြောင့် သြစတြေးလျ အရှေ့ဘက် ကမ်းခြေရှိ ပင်လယ်ကမ်းခြေ လေးခုကို တနင်္ဂနွေနေ့ကစပြီး ပိတ်ထားလိုက်ရကြောင်း သိရသည်။
      ယခုလအစောပိုင်းက ရေလွှာလျှောစီးသူ တစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိပြီး ဂျပန် ရေငုပ်သမားတစ်ဦး သေဆုံးခဲ့ရသည့် ဘယ်လီနာ ကမ်းခြေကို(၂၄) နာရီပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။
Read More

Installgram မှာ ကိုယ်လုံးတီးပုံ တင်ခဲ့တင်ခဲ့တဲ့ ဂျပ်စတင်ဘီဘာ

2:47 AM 0

ကမ္ဘာကျော် ပေါ့ အဆိုတော် ဂျပ်စတင် ဘီဘာ ဟာ သူ့ ရဲ့ ကိုယ်လုံးတီး နောက်ပိုင်း ရိုက်ချက် ပုံတစ်ပုံကို သူရဲ့ Installgram မှာ တင်ထားခဲ့ပါတယ်
ပြာလဲ့နေတဲ့ တောင်ပစိဖိတ် ပင်လယ်ပြင် နဲ့ စိမ်းလဲ့လဲ့တောင်တန်းတွေကို ငေးမောကြည့်နေတဲ့
အဝတ်မပါတဲ့ ခန္ဓာကိုယ် နဲ့ ဂျပ်စတင်ဘီဘာရဲ့ ပုံကို
Installgram မှာ အချိန်တိုအတွင်း ကြည့်ရှုသူ Fan တစ်သိန်းကျော်ခန့် ရှိသွားခဲ့ပါတယ်။

ref ; gossipcop
Read More

ပင်လယ်ပြင်သွေးချင်းချင်းနီတဲ့ ဖာရိုးကျွန်းစုက ဝေလငါးသတ်ပွဲ

4:18 AM 0


ကမ်းခြေမှာဝေလငါးအသေကောင်တွေ စုပုံနေပါတယ်။ လည်ပင်းနဲ့ ခန္ဓာကိုယ်ဘေးဘက်တွေမှာ ခုတ်ထစ်ခံထားရလို့ ပြတ်ရှဒဏ်ရာ ဗရပွဖြစ်နေတာကို မြင်နိုင်ပါတယ်။ စုစုပေါင်း ဝေလငါးကောင်ရေ ၂၅၀ အသတ်ခံခဲ့ရတာဖြစ်ပြီး အနီးပတ်ဝန်းကျင်က ပင်လယ်ပြင်ဟာ သွေးချင်းချင်းနီလျက် တော်တန်ရုံသွေးကောင်းသူအတွက်တောင် ခြောက်ခြားစရာ မြင်ကွင်းကြီးဖြစ်တော့တယ်။

ဝေလငါးသတ်ပွဲကြီးကို ဒိန်းမတ်အပိုင် ဖာရိုးကျွန်းစုမှာ ဇူလိုင် ၂၃ က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသအခေါ် Grindadráp ပွဲတော်ဖြစ်ပါတယ်။ Bøur နဲ့ Tórshavn ကမ်းခြေ ၂ ခုမှာ ဝေလငါး ၂၅၀ ကို သတ်ဖြတ်ခဲ့ကြတာပါ။ Grindadráp ဟာ နှစ်စဉ်ပြုလုပ်တဲ့ ရိုးရာပွဲတော်ဖြစ်ပါတယ်။



Read More

သူမရဲ့ Sex Tape ကို ဒေါ်လာ ၁ သန်းရမှ ဖြန့်ချီခွင့်ပေးမယ်ဆိုတဲ့ Courtney Stodden

11:23 AM 0







ဖြစ်ရပ်မှန် ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Courtney Stodden ဟာ သူမရဲ့ Sex Tape ကို Vivid Entertainment ကုမ္မဏီက ဖြန့်ချီမယ့် အရေး လိုက်လံ တားဆီးနိုင်ဖို့ ကြိုးစားနေပါတယ်။
Read More

ခွေးကျောင်းဖော် ချစ်သူရှာပေးမည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ

1:29 AM 0
တင်ဒေါ့ဆိုတာ ကိုယ့်ရဲ့အိမ်မွေးခွေးနဲ့ တကိုယ်တော်လမ်းလျှောက်သူတွေအတွက် အဖော်ရှာပေးမယ့် ဖေ့စ်ဘွတ်ခ် စာမျက်နှာသစ်တခုပါ။ သင့်အနေနဲ့ သင့်ရဲ့ခွေးပုံကို အွန်လိုင်းပေါ်တင် လိုက်ပြီး သင်နဲ့အနီးအနားမှာရှိတဲ့ ခွေးပိုင်ရှင်တွေကို ရှာဖွေနိုင်ပါပြီ။
ခွေးကျောင်းဖော်ချစ်သူရှာဖွေချင်တဲ့ တကိုယ်တည်းသမားလူလွတ်တွေအတွက် ဖေ့စ်ဘွတ်ခ်စာမျက်နှာကို အသုံးပြုနိုင်ပြီး ကိုယ့်ရဲ့မိတ်ဖက်သစ်ကိုရွေးချယ်နိုင်ပါလိမ့်မယ်။
Read More

ဘတ်စ်ကားကုမ္ပဏီက “ နေ့တိုင်းကျွန်မကို စီးပါ” ဆိုတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းထားတဲ့ မော်ဒယ်ပုံနဲ့ကြော်ငြာအတွက် တောင်းပန်ခဲ့ပါသတဲ့

1:30 AM 0




Welsh ဘတ်စ်ကားကုမ္ပဏီဟာ ခနာကိုယ်အပေါ်ပိုင်း ဗလာကျင်းထားတဲ့ မော်ဒယ်ဟာ “နေ့တိုင်းကျွန်မကို £3 နဲ့စီးပါ” ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ထားတဲ့ ကြော်ငြာပုံအတွက် လူမှုကွန်ယက်ရှုံ့ချမှုတွေကို ခံနေရပါတယ်။

New Adventure Travel မှ Cardiff ရဲ့အဆိုအရ ဒီလိုမော်ဒယ်ပုံနဲ့ ကြော်ငြာတာဟာ လူငယ်မျိုးဆက်သစ်တွေကို ဘတ်စ်ကားစီးဖို့စွဲဆောင်ရာမှာ အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါသတဲ့။
Read More

ခြေလေးချောင်းပါသည့် မြွေကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိ

1:07 AM 0
ရှေးလွန်ခဲ့သည့် နှစ်ပေါင်း(၁၁၃) သန်း သက်တမ်းရှိသည့် ခြေလေးချောင်းပါသည့် မြွေရုပ်ကြွင်းတစ်ခုကို သိပ္ပံပညာရှင်များက ဘရာဇီးနိုင်ငံတွင် မကြာမီက တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။
          ယခင်က ရှေးနှစ်သန်းပေါင်း များစွာမှ ရှာတွေ့နေကျ မြွေရုပ်ကြွင်းများမှာ ပုံမှန်မြွေများအတိုင်း ဖြစ်နေသော်လည်း ယခု တွေ့ရှိမှုမှာ အသစ်ဖြစ်ပြီး၊ ယင်းမျိုးစိတ်မှ ယနေ့မြွေများ တိုက်ရိုက်ဆင်းသက်လာခြင်း ဖြစ်နိုင်ကြောင်း ပညာရှင်များက ယူဆသည်။ ထိုမြွေမှာ လက်မောင်းနှင့် ခြေထောက်များ ရှိသော်လည်း လမ်းလျှောက်ရာတွင် သုံးခြင်းမဟုတ်ဘဲ၊ ဖမ်းစားမည့် သားကောင်များကို ဖမ်းယူရန် သုံးခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။ တူးဖော်ရရှိသည့် ရုပ်ကြွင်းမှာ မြေတွင် တွားသွားပြီး ရေမကူးတတ်ဘဲ၊ မြွေများမြေပြင်ပေါ်တွင် တွားသွားသည့် လှုပ်ရှားမှုကို ခန့်မှန်းမိစေကြောင်း ဆိုသည်။
          ““ဒီရုပ်ကြွင်းက မြွေရုပ်ကြွင်းတွေထဲမှာ ရှေးအကျဆုံး ရုပ်ကြွင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။ ရေနေသတ္တ၀ါမဟုတ် တာလည်း ရှင်းလင်းစွာ မြင်တွေ့ရပါတယ်””  ဟု ဘတ်စ်တက္ကသိုလ် ပညာရှင် ဒေါက်တာ နစ်ခ်လောင်းဂရစ်ခ်ျက ပြောသည်။
          သို့သော် ထိုမြွေရုပ်ကြွင်းတွင် ယနေ့ခေတ် မြွေများနှင့် တူသည့် လက္ခဏာများ ဖြစ်သော သွားများ၊ ပျော့ပြောင်းသည့် မေးရိုးနှင့် ဆူးတောင် ကျောရိုးများ ပါဝင်ကြောင်း ဆိုသည်။
          မြေရုပ်ကြွင်းကို ခန့်မှန်းချက်အရ ထိုခေတ်မြွေ၏ ခြေထောက်နှင့် လက်များ အရှည်မှာ အလျား(၄) မီလီမီတာနှင့် (၇) မီလီမီတာကြား ရှိနိုင်ကြောင်း ဆိုသည်။

Source: BBC
http://www.messengernewsjournal.com/news/Inter/detail.php?id=41230
Read More

အွန်လိုင်းမှာ သတင်းတွေ ပွက်လောရိုက်စေခဲ့တဲ့ အမျိုးသားလိင်အဂါင်္နဲ့ Baymax အရုပ်

10:23 PM 0

ဒီ Baymax လေထိုးစက်ရုပ်ကလေးဟာ လေမမှုတ်ခင်မှာတော့ တခြား အပြစ်ကင်းစင်တဲ့ အရုပ်ကလေးတစ်ရုပ်လိုပါပဲ။

ဒါပေမယ့် သင်သာ လေအပြည့်ထည့်သွင်းပေးလိုက်မယ်ဆိုရင်… ဒီ Baymax အရုပ်ဟာ သင့်ကို အကြီးအကျယ် အံသြသွားစေမှာပါ..

အင်တာနက်အသုံးပြုသူတွေဟာ ဒီလို လေမှုတ်သွင်းပြီးမှ မြင်နိုင်မယ့် အမျိုးသားအင်္ဂါနေရာကို ဒီဇိုင်းထွင်ထုတ်လုပ်ထားတဲ့ ဒီစက်ရုပ်ပုံကိုတွေ့မြင်ပြီးတဲ့အခါ အားရပါးရရယ်မောကြရပါသတဲ့။

ပြီးတော့ ဒီလိုရယ်စရာကောင်းတဲ့ လေမှုတ်စက်ရုပ်လေးကို ထုတ်လုပ်သူတွေက တမင်ဒီဇိုင်းထုတ်ခဲ့တာလား ဒါမှမဟုတ် မတော်တဆမှားယွင်းထုတ်လုပ်မိတာလားဆိုတာကိုလည်း အင်တာနက်ပေါ်မှာ ငြင်းခုံနေကြပါသေးတယ်။

ဓါတ်ပုံ Share ထားတဲ့ Imgur Website မှာ အင်တာနက်အသုံးပြုသူတစ်ဦးက “ ဒါဟာ ကိုယ့်အလုပ်သမားတွေကို လစာအလုံအလောက် မပေးတဲ့အခါ ဖြစ်တာမျိုးပေါ့” လို့ မှတ်ချက်ပေးထားခဲ့ပါတယ်..

( MTN )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Read More

ထူးထူးဆန်းဆန်း ရင်သား ၃ ခုနဲ့ အမျိုးသမီး

10:06 PM 0

တတိယမြောက် ရင်သားတစ်ခု ကို ပေါင် ၁၂၀၀၀ အကုန်ကျခံပြီး ခွဲစိတ် တပ်ဆင်ခဲ့တဲ့ အမျိုးသမီး အကြောင်းကို အားလုံးကြားခဲ့ပြီးကြပါပြီ။ အခုတစ်ကြိမ်မှာတော့ ထို အမျိုးသမီးဟာ သူမနောက်မှာ အမျိုးသား ၄ယောက်ကို မျက်နှာဖုံး စွပ်စေပြီး ခွေးတွေလိုဆွဲခေါ်လာတဲ့ ဗီဒီယိုနဲ့ အတူ အောင်မြင်မှု ရလာခဲ့ပြန်ပါပြီ။
 သူမကိုယ်သူမ Jasmine Tridevil လို့အမည်ပေးထားတဲ့ အသက် ၂၁ နှစ် အရွယ် Alisha Hessler ဟာ အားကစား သုံးနေကာမျက်မှန်နဲ့ လယ်သာ ဘုဒ် ဖိနပ်ကို ၀တ်ဆင်ထားပြီး သူမ အနောက်က ခွေးတွေလို လည်ပတ်နဲ့ ဆွဲခေါ်လာတဲ့ လိင်ကျွန် အမျိုးသား ၄ ယောက်ကတော့ လယ်သာ မျက်နှာဖုံးတွေ ၀တ်ဆင်ထားပါတယ်။
 ထိုဗီဒီယိုကို တော့ မိုဘိုင်းဖုန်းကင်မရာတစ်လုံးနဲ့ ရိုက်ကူးထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဖလော်ရီဒါပြည်နယ် တန်ပါမြို့မှာနေထိုင်တဲ့ Alisha ဟာ ထိုကဲ့သို့ ရင်သား ၃ ခု ရှိလာရန် ခွဲစိတ် တပ်ဆင်ဖို့ ဆရာဝန် အယောက် ၅၀ ခန့်နှင့် တိုင်ပင်ခဲ့ပြီး အမည်မဖော်လိုသူ ဆရာဝန်တစ်ယောက်ကသာ လက်ခံပြီး ခွဲစိတ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ သူမရဲ့ မိဘတွေကတော့ ထိုခွဲစိတ်မှု ပြီးကတည်းက သူမကို စကားမပြောတော့ဘူးလို့ သိရပါတယ်။ 
Credit : http://www.mirror.co.uk/news/world-news


Read More

ကြေးနီရောင်ခေါင်း မြွေတွေကြောင့် အိုးအိမ်ကို ပစ်ခွာခဲ့ရ

3:05 AM 0
တက္ကဆက်ပြည်နယ်ရှိ အမျိုးသမီးတစ်ဦးရဲ့အိမ်ထဲကို ကြေးနီရောင်ခေါင်း မြွေတွေ အလုံးအရင်းနဲ့ ၀င်ရောက်လာခဲ့တာကြောင့် ကြောက်လန့်ပြီး သူမရဲ့အိုးအိမ်ကို ပစ်ခွာပြေးခဲ့ရတယ်လို့ သတင်းရရှိပါတယ်။
“အိမ်ထဲမှာ ဒါမှမဟုတ် ကားတွေထဲမှာ မြွေတစ်ကောင်လောက်ရောက်နေရင်တောင်၊ ကျွန်မကတော့ ပြေးရတော့မှာပဲ။” လို့ အိမ်ပိုင်ရှင် Vicki Barnett ကပြောခဲ့ပါတယ်။
Read More

ရန်သူကို ချောက်ချဖို့ အတွက် နိဗ္ဗာန်ယာဉ်ကို ခိုးယူခဲ့တဲ့ အမျိုးသား အဖမ်းခံခဲ့ရ

3:03 AM 0
ဒီအမှုဟာ သင်ကြားဖူးသမျှထဲမှာ နိဗ္ဗာန်ယာဉ်ကိုမှ ခိုးယူတဲ့ အထူးဆန်းဆုံး သတင်းတစ်ပုဒ်ဖြစ်ပါလိမ့်မယ်။အသက် ၂၈နှစ်အရွယ်ရှိ Michael Healing ဆိုသူဟာ သူ့ရဲ့မူးယစ်ဆေးရောင်းသမားကို ချောက်ချဖို့အတွက် နိဗ္ဗာန်ယာဉ် အလွတ်တစ်စီးကို ခရစ်ယာန်ဘုရားရှိခိုးကျောင်း အရှေ့ကနေ ပြီးခဲ့တဲ့ အပတ်က ခိုးယူခဲ့တယ်လို့ ရဲတွေကပြောပါတယ်။
Read More

Post Top Ad