ဆရာ (၁) ယောက်ရဲ့သင်ကြားမူကို ကျောင်းသား ( ၃၀၀၀) ကျော် တစ်ပြိုင်တည်း သင်ယူ - All Events

Hot

Post Top Ad

ဆရာ (၁) ယောက်ရဲ့သင်ကြားမူကို ကျောင်းသား ( ၃၀၀၀) ကျော် တစ်ပြိုင်တည်း သင်ယူ

သင်တို့နေထိုင်ရာ ပတ်ဝန်းကျင်က စာသင်ခန်းတွေမှာ ဆရာတစ်ယောက် သင်ကြားမှုကို တက်ရောက်နေတဲ့ ကျောင်းသားအရေအတွက် ဘယ်လောက်အထိရှိနိုင်သလဲ။  (၁၀)ယောက်၊ (၂၀)ယောက်၊ (၅၀)ယောက် စသည်ဖြင့် အများအပြား ရှိနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံက မြို့ကြီးတစ်မြို့မှာ ဆရာတစ်ယောက်ရဲ့ သင်ကြားမှုကို တက်ရောက် သင်ယူခဲ့တဲ့ ကျောင်းသား အရေအတွက်က ( ၃၀၀၀) ကျော် အထိ ရှိပါတယ်။

      တရုတ်နိုင်ငံ၊ အရှေ့ပိုင်း ဂျီနန် အရပ်ဒေသက စာသင်ကြားရာ ခန်းမကြီးထဲမှာ ဆရာတစ်ယောက်ရဲ့ သင်ကြားမှုကို ကျောင်းသား (၃၀၀၀) တက်ရောက် သင်ယူနေတာကို ပီးပဲလ်ဒေးလီး အွန်လိုင်းက ဖော်ပြခဲ့တာဖြစ်ပြီး အံ့အား သင့်စရာ သတင်းတစ်ပုဒ် ဖြစ်ခဲ့ပါတယ်။
      ဘွဲ့လွန် သင်တန်းတွေအတွက် ကြိုတင် ပြင်ဆင်ရာမှာ အထောက်အကူ ဖြစ်စေဖို့ တက္ကသိုလ်က နာမည်ကျော် ဆရာတစ်ဦးရဲ့ ပို့ချမှုကို လာရောက် သင်ယူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလို သင်ယူခြင်းကြောင့် မာစတာဘွဲ့ကို ရရှိရေး ကြိုးစားရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ ဒါကြောင့် ကျောင်းသား (၃၀၀၀)ကျော်ဟာ စာသင်ကြားရာ ခန်းမကြီးထဲမှာ စုဝေး ရောက်ရှိနေတာ ဖြစ်ပြီး အချို့ဆိုရင် ထိုင်ခုံမရှိတော့တာကြောင့် ရရာ ထိုင်ခုံကိုဆွဲပြီး ဖြစ်သလို သင်ကြားခဲ့ရပါတယ်။ ဒီလိုသင်ကြားနိုင်ဖို့ ကုမ္ပဏီတွေက စီစဉ်ပေးတာ ဖြစ်ပါတယ်။ ကျောင်းသားတွေ အတွက် လိုအပ်တဲ့ အကြံဉာဏ်တွေကို ပညာရှင်တွေက လာရောက် ဟောပြော ပို့ချတာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်နိုင်ဖို့ ပညာရှင်တွေကို ငွေကြေးများစွာ ပေးပြီး ငှားရမ်းရတယ်လို့ သိရပါတယ်။ ဆရာတစ်ယောက်ရဲ့ စာသင်ချိန်တစ်ချိန်ဟာ ပေါင် (၁၀၀၀) ကျော် အထိရှိတာကြောင့် တရုတ် ကျောင်းသားတွေ အတွက် အလွန်များပြားလွန်းတဲ့ ငွေကြေးဖြစ်ပါတယ်။ ဒါကြောင့် တစ်ပြိုင်နက်တည်း ကျောင်းသားတွေ အများအပြား တက်ရောက် သင်ယူခဲ့ခြင်း ဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

http://www.messengernewsjournal.com/General/Eventure/detail.php?id=41754

No comments:

Post a Comment

Post Top Ad