(၃)ပေကျော်ရှိတဲ့ ဆံပင်ကို ဖြတ်ပြီး လှူဒါန်းခဲ့တဲ့ သားငယ်လေး - All Events

Hot

Post Top Ad

(၃)ပေကျော်ရှိတဲ့ ဆံပင်ကို ဖြတ်ပြီး လှူဒါန်းခဲ့တဲ့ သားငယ်လေး

အင်္ဂလန်နိုင်ငံ၊ ဘက်ကင်ဟမ် ရိုင်းယားဒေသမှာ နေထိုင်တဲ့ အသက်(၁၁) နှစ် အရွယ် သားငယ်လေးဟာ အရွယ်နဲ့ မလိုက်တဲ့ လှူဒါန်းမှုမျိုး ပြုလုပ်ခဲ့ပါတယ်။ ရာဟင်ဝုဒ်ဟာ ကျောင်းကို ပြန်မတက်ရောက်မီ ငယ်စဉ်ဘ၀ထဲက တစ်ခါမှ မညှပ်ဘဲထားတဲ့ သုံးပေကျော်ရှိတဲ့ ဆံပင်ကိုဖြတ်ပြီး လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

         ရာဟင်ဝုဒ်ဆံပင်ဟာ ဒူးကျော်အထိ ရှည်လျားပါတယ်။ ဆံပင်ညှပ်ခြင်းကို ကျောင်းက သူငယ်ချင်းတွေရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ရာဟင်ဝုဒ်ဟာ ဖြတ်တောက်ထားတဲ့ ဆံပင်ကို ပြန်လည်ရောင်းချပြီး ရန်ပုံငွေရှာရာမှာ ပေါင်(၁၅၀၀) ကျော် ရရှိခဲ့ပါတယ်။ ရရှိလာတဲ့ ငွေကြေးကို ကင်ဆာ ရောဂါ ခံစားနေရတဲ့ ကလေးသူငယ်များ ရန်ပုံငွေ အတွက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
         ကင်ဆာရောဂါ ခံစားနေရသူတွေဟာ ဓာတ်ရောင်ခြည် ကုထုံးကြောင့် ဆံပင်တွေ ကျွတ်ပြီး ကတုံးတုံး ခဲ့ရပါတယ်။ ဒါကြောင့် ရာဟင်ဝုဒ်ဟာ ဆံပင်တွေညှပ်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ရာဟင်ဝုဒ်က မိမိအနေဖြင့် ဆံပင်ညှပ်ပြီး အကောင်းဆုံး အသုံးချနိုင်ခဲ့ခြင်း အတွက် ၀မ်းသာမိကြောင်း၊ မိမိသည် အရွယ် ရောက်လာပြီ ဖြစ်သောကြောင့် ပုံစံပြောင်းရန် လိုအပ်ကြောင်း၊ အချို့ မိမိကို မိန်းကလေးနှင့် မှားတတ်ကြောင်း၊ ဆံပင်ညှပ်ပြီး ကလေးငယ်တွေ အတွက် လှူဒါန်းခွင့် ရခြင်းအတွက် ပြောမပြတတ်အောင် ၀မ်းသာကြောင်း ဟြေကြားခဲ့ပါတယ်။ အစောပိုင်းမှာ ဆံပင် ရောင်းရာမှာ ပေါင်(၅၀၀)လောက်မှန်း ခဲ့ပေမယ့် သုံးဆကျော် ပိုရခဲ့လို့ လှူဒါန်းမှု ပြုလုပ်ရာမှာ အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။ ရာဟင်ဝုဒ်ရဲ့ မိဘတွေကလည်း သားဖြစ်သူအတွက် များစွာ ဂုဏ်ယူနေကြောင်း သိရပါတယ်။

http://www.messengernewsjournal.com/General/Eventure/detail.php?id=41745

No comments:

Post a Comment

Post Top Ad