ဝယဉ်ကျေးမယ် ပြိုင်ပွဲ - All Events

Hot

Post Top Ad

ဝယဉ်ကျေးမယ် ပြိုင်ပွဲ

ကိုယ်ခန္ဓာ အချိုးအစား လှပသူတွေ ၀င်ရောက် ယှဉ်ပြိုင်တဲ့ပွဲကို လှယဉ်ကျေးမယ် ပြိုင်ပွဲလို့ ခေါ်ဆိုလေ့ ရှိပါတယ်။ ဒါပေမဲ့ အင်္ဂလန်မှာ ကျင်းပတဲ့ ပြိုင်ပွဲကတော့ အ၀လွန်သူတွေ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တာကြောင့် ၀ယှဉ်ကျေးမယ် ပြိုင်ပွဲလို့ ပြောင်းလဲ ခေါ်ဆိုရတော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့  အ၀လွန်တဲ့ အမျိုးသမီးတွေ ၀င်ရောက် ယှဉ်ပြိုင်တဲ့ပွဲ ဖြစ်တာကြောင့် စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
        ဒီပြိုင်ပွဲကို ကျင်းပရခြင်း နောက်ကွယ်မှာ အဓိပ္ပာယ် များစွာ ရှိနေပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ အ၀လွန်သူတွေအပေါ် တန်ဖိုးထား လေးစားမှု မရှိတာကြောင့် ဖြစ်ပါတယ်။ အ၀လွန်နေတဲ့ အမျိုးသမီးတစ်ဦးဟာ ဘယ်နေရာကို ရောက်ရောက် ဝေဖန်ပြောဆိုခံရလေ့ ရှိပါတယ်။ ဒါကြောင့် အ၀လွန်တဲ့ အမျိုးသမီးတွေအပေါ် တန်ဖိုးထားလာဖို့၊ ခွဲခြား ဆက်ဆံမူတွေ လျော့နည်းဖို့ စတဲ့ ရည်ရွယ်ချက် ကောင်းတွေနဲ့ ဒီပြိုင်ပွဲကို ကျင်းပခြင်း ဖြစ်ပါတယ်။
      ပြိုင်ပွဲကို အင်္ဂလန်နိုင်ငံ တစ်ဝန်းမှ အ၀လွန်အမျိုးသမီး (၂၇)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ပါတယ်။ အ၀လွန်ခြင်းဟာ လှပခြင်း တစ်ခု ဖြစ်တယ်ဆိုတာ သိရှိနိုင်ဖို့ ဒီပြိုင်ပွဲကို ကျင်းပပြုလုပ်ခြင်း ဖြစ်ပါတယ်။  ပြိုင်ပွဲကို နှစ်မျိုးခွဲ ကျင်းပခဲ့ပြီး အသက် (၃၀)နှစ်နှင့် အထက်ကိုလည်း ထည့်သွင်းခဲ့တာကြောင့် ပိုပြီး မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်သွားခဲ့ပါတယ်။ ကိုယ်အလေးချိန် မျိုးစုံရှိတဲ့ အမျိုးသမီးတွေဟာ အ၀တ်အစားမျိုးစုံ ၀တ်ဆင်ပြီး စိတ်အားထက်သန်စွာ ယှဉ်ပြိုင်ခဲ့ပါတယ်။ ပြိုင်ပွဲကို အလှမယ် ပြိုင်ပွဲတွေအတိုင်း ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အသက် (၁၉) နှစ်အရွယ် ပြိုင်ပွဲဝင်သူတစ်ဦးက မိမိဘ၀ အတွက် အမှတ်တရနေ့ ဖြစ်ခဲ့ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် မျက်ရည်များပင် ကျခဲ့ရကြောင်း၊ မိမိသည် အရွယ်အစား တဖြည်းဖြည်း ကြီးလာပြီးနောက် ခွဲခြား ဆက်ဆံမှုများကို ရင်ဆိုင်ခဲ့ရကြောင်း၊ အ၀လွန်မှုကြောင့် ရှက်ကြောက်ပြီး အားငယ်ခဲ့ရကြောင်း၊ ယခုအခါ မိမိအနေဖြင့် ယုံကြည်မှုများ ရရှိခဲ့ကြောင်း၊ တစ်ခါမျှ ၀တ်ဆင်ခဲ့ခြင်း မရှိသည့် ရေကူးဝတ်စုံကို ၀တ်ဆင်ခဲ့ကြောင်း ဟြေကြားခဲ့ပါတယ်။ ဒီပြိုင်ပွဲဟာ ဗြိတိန်မှာ ကျင်းပတဲ့ အ၀လွန်သူ ယှဉ်ပြိုင်တဲ့ ပထမဆုံး အလှမယ်ပြိုင်ပွဲ ဖြစ်ခဲ့ပါတယ်။

http://www.messengernewsjournal.com/General/Eventure/detail.php?id=42601

No comments:

Post a Comment

Post Top Ad