ကျောက်​မဲတွင်​ လင်​မယားချင်း စကားများရန်​ဖြစ်​ရာ ​ယောက်ျားက ရိုက်​​၍ မိန်းမဖြစ်သူ ​သေဆုံး - All Events

Hot

Post Top Ad

ကျောက်​မဲတွင်​ လင်​မယားချင်း စကားများရန်​ဖြစ်​ရာ ​ယောက်ျားက ရိုက်​​၍ မိန်းမဖြစ်သူ ​သေဆုံး


ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့ ၈ ရပ်ကွက်မှာရှိတဲ့ အင်္ကျီချုပ်လုပ်ငန်းတခုမှာ လုပ်ကိုင်နေတဲ့ ကိုစိုးနိုင်ထွန်းတို့ လင်မယားဟာ မတ်လ ၂၀ ရက်နေ့ ည ၁၂ နာရီလောက်မှာ စကားများ ရန်ဖြစ်ပြီး ယောက်ျားဖြစ်သူ ကိုစိုးနိုင်ထွန်းက ရိုက်နှက်ခဲ့တဲ့အတွက် မိန်းမဖြစ်သူ မအေးအေးမြက ဒီနေ့ မနက် ၇ နာရီက သေဆုံးသွားခဲ့ပါတယ်။
“သတ်တဲ့သူက ဆေးသမားတော့ မဟုတ်ဘူး။ လင်မယားချင်း စကားများတာပဲ။ ဆေးရုံ ပို့သေးတယ်။ ပြီးတော့ ကျနော့်ဆီက အိုသွေးနှစ်လုံး တောင်းသေးတယ်။ မနက် ၇ နာရီမှ ဆုံးသွားတာ။ အလောင်းကို အိမ်ပြန်သယ်ဖို့ လုပ်သေးတယ်။ ဆေးရုံက ရိုက်နှက်ထားတဲ့ ညိုမည်းဒဏ်ရာတွေနဲ့ဆိုတော့ အလောင်းသယ်ခွင့်မပြုဘူး” လို့ ဦးဇိဝိတ လူမှုကူညီရေးအသင်းက ဦးတင်မောင်သိန်းက ပြောပါတယ်။
ရိုက်နှက်သူ ကိုစိုးနိုင်ထွန်းက မိန်းမဖြစ်သူကို ဝါယာကြိုး၊ ခြေထောက်နဲ့ ကန်ခဲ့တဲ့အတွက် တကိုယ်လုံး ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသွားခဲ့တာပါ။
“လူဦးရေထူထပ်လာတာနဲ့ လူအသေအပျောက် များလာတယ်။ ဒါပေမယ့် သေမှုသေခင်းတွေက မဖြစ်သင့်တာတွေလည်း ပါနေတယ်။ ကြိုးဆွဲချ သေတာတွေက ရှိသေးတယ်။ ဒါကြောင့် ကျနော်တို့ လူမှုဝန်းကျင်မှာ ကျန်းမာရေး၊ ဥပဒေလိုက်နာရေး၊ လမ်း ယာဉ်စည်းကမ်း၊ အဲဒါတွေကို ဆိုင်ရာဆိုင်ရာဝန်ကြီးဌာနများနဲ့ လူမှုအဖွဲ့အစည်းတွေက ဖွံ့ဖြိုးလာအောင် တနည်းအားဖြင့် အသိပညာအညွှန်းကိန်း မြင့်မားလာအောင် ဆောင်ရွက်ပေးသင့်တယ်” လို့ ဦးတင်မောင်သိန်းက ဆက်ပြောပါတယ်။
လူသတ်တရားခံ ကိုစိုးနိုင်ထွန်းကို ကျောက်မဲရဲစခန်းက လူသတ်မှုနဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

No comments:

Post a Comment

Post Top Ad