April 2015 - All Events

Hot

Post Top Ad

နံနက်စာ Breakfast အဖြစ် မစားသင့်တဲ့ အရာများ

7:34 AM 0
မောပန်းနွမ်းနယ်မှုကို အောင်မြင်စွာ ခုခံ တွန်းလှန်နိုင်တဲ့ အစားအစာများစွာ ရှိပေမယ့် အားအင်လုံးဝ ကုန်ခမ်းစေမယ့် ဟာတွေလည်း ရှိပါတယ်။ နံနက်စာအဖြစ် မစားသင့်သော အရာတွေကတော့…

ငှက်ပျောသီး

ငှက်ပျောသီးမှာ ကြွက်သားတွေကို သက်တောင့်သက်သာဖြစ်စေတဲ့ မက်ဂ်နီဆီယမ် ပေါကြွယ်ဝပါတယ်။

အနီရောင်ရှိအသား

အနီရောင်ရှိအသားမှ အဆီဟာ ကိုယ်ခန္ဓာအတွင်း ဆွေးမြည့်ဖို့ ခက်ယဉ်းတာကြောင့် အစာခြေဖျက်ဖို့ ခန္ဓာကိုယ်မှ အားအင် ပိုသုံးရပါတယ်။
Read More

အကျင့်စာရိတ္တ ကောင်းမွန်တဲ့ ကလေးငယ်တွေ ဖြစ်လာစေဖို့ မိဘတွေ အသုံးပြုရမယ့် လျို့ဝှက်နည်းလမ်းကောင်းများ

7:15 AM 0
လူတိုင်းလူတိုင်းရဲ့မိဘတွေမှာ မတူညီတဲ့အမြင်လေးတွေ ရှိပါတယ်။ အဲဒါကို ညှိနှိုင်းဖို့ အချိန်လိုပါတယ်။ အကူအညီ ရယူရန် များများဖတ်ကြည့်ပါ။ သင်တို့နှစ်ယောက်လုံးဟာ သင့်ရင်သွေးငယ်လေးကို အကောင်းဆုံး ဖြစ်စေချင်ပါတယ်။ အကောင်းဆုံးနဲ့ ပတ်သက်လို့ ပြဿနာ တစ်ခုကတော့ အမြဲတမ်း ရှိနေတတ်ပါတယ်။ မိဘတစ်ယောက်က ကောင်းတဲ့ အတွေးလို့ ထင်နေတဲ့အရာကို နောက်မိဘတစ်ယောက်က အခြားတစ်မျိုးလို မြင်ပါတယ်။ ဒါကဖြစ်နေကျပါ။ ဒါပေမဲ့ဒီပြဿနာတွေကို သင်ဘယ်လိုဖြေရှင်းမလဲ။ ပြီးတော့ သင်ဘယ်လို မယုတ်မလွန် ဆုံးဖြတ်မလဲ။
Read More

အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတဲ့ မိခင် ဖြစ်သူကို ရင်အုပ်မကွာ စောင့်ရှောက်ပေးတဲ့ သားလိမ္မာ

8:47 AM 0
မိခင်တိုင်းဟာ သာသမီးတိုင်းကို ရင်အုပ်မကွာ ပြုစု စောင့်ရှောက်လေ့ရှိ ပါတယ်။ ဒါပေမဲ့ သားသမီးတွေ ကလည်း မိခင်ဖြစ်သူကို ရင်အုပ်မကွာ ပြန်လည်ပြုစုစောင့်ရှောက်တဲ့ အဖြစ်မျိုးလည်း ရှိပါတယ်။ အဲဒါကတော့ တရုတ်နိုင်ငံ အရှေ့ပိုင်း Zhejiang  အရပ်ဒေသ မှာဖြစ်ပြီး သားဖြစ်သူဟာ အသက် (၈၄) နှစ် ရှိပြီဖြစ်တဲ့ အယ်လ်ဇိုင်းမား ရောဂါဝေဒနာရှင် မိခင်ဖြစ်သူကို ရင်အုပ်မကွာ စောင့်ရှောက်နေခြင်း ဖြစ်ပါတယ်။
Read More

ခွေးတွေဟာ ပင်ကိုယ်အားဖြင့် လူတွေလိုပဲလို့ သုတေသန သိပ္ပံပညာရှင်တွေ ဖွင့်ဟ

6:36 AM 0
ခွေးတွေ လူနဲ့ ဘာမှမခြားကြောင်း အများစုက ပြောဆိုကြပါတယ်။ ဒါ မမှားပါဘူး။ ကျွန်ုပ်တို့ လူတွေလိုပဲ ခွေးတွေလည်း အချစ်ကို ရယူခံစားလိုကြပါတယ်။

ဂျပန်နိုင်ငံက သုတေသနဟာ ခွေးသခင် အယောက် ၃၀ နဲ့ သူတို့ခွေးတွေ မျက်လုံးချင်း စိုက်ကြည့်နေစေခဲ့ပါတယ်။ အချင်းချင်း အချိန်ကြာစိုက်ကြည့်လေလေ၊ oxytocin များများထုတ်ပေးလေလေ ဖြစ်ပါတယ်။

အောက်စီတိုဆင် (oxytocin) ဆိုတာ သံယောဇဉ်တွယ်တာမှု၊ ချစ်ချင်းမေတ္တာနဲ့ ဖွဲ့တည်ထားတဲ့ ဟော်မုန်းဖြစ်ပြီး ကလေးတွေနဲ့ သူတို့မိဘတွေကြား သံယောဇဉ်ဖြစ်စေတဲ့ ဟော်မုန်းလည်း ဖြစ်ပါတယ်။
Read More

ခြေနှစ်ချောင်းနဲ့ မတ်တပ်ရပ်နေရတာ သဘောကျတဲ့ feline ကြောင်ကလေး ဂျော့ ( George)

6:35 AM 0
ရှစ်လသား အရွယ်ရှိနေပြီဖြစ်တဲ့ ဒီကြောင်ကလေးကတော့ (Texas)မှ သူ့သခင် Park ရဲ့ အဆိုအရ ခြေနှစ်ချောင်း ရပ်ပြီး အမြဲနေပါသတဲ့။ ဒီပုံမှန်မဟုတ်တဲ့ အပြုအမူကို ကြောင်ကလေး ဘာကြောင့် လုပ်သလဲ ဆိုတာကိုတော့ မသိပေမယ့် ကြောင်ကလေးရဲ့သခင် Park ၊ သူ့ဇနီးနှင့် သမီးလေးနှစ်ယောက်ကတော့ ကြောင်လေးရဲ့ ချစ်စဖွယ် ထူးခြားတဲ့ ပုံစံလေးကိုကြည့်ပြီး သဘောကျရပါတယ်။
Read More

NFC Tags များကို Android Phone နဲ့ ချိတ်ဆက်အသုံးပြုနည်း

2:41 AM 0
NFC Tags များဟာ အလွန်ဈေးသက်သာပြီး သင့်စမတ်ဖုန်းကို အလိုအလျှောက် အလုပ်များ ခိုင်းစေနိုင်ပါတယ်။ ဥပမာ အနေနဲ့ သင့်အိပ်ယာရဲ့ ဘေးမှ စားပွဲပေါ်မှာ၊ အိမ်တံခါးဝမှာ၊ ကားထဲမှာ ၊ အလုပ်စားပွဲပေါ်မှာ NFC Tags များကို ထားရှိနိုင်ပါတယ်။ သင့်ဖုန်းရဲ့ အနောက်ဘက်နဲ့ NFC Tag ကို ထိတွေ့လိုက်ရုံနဲ့ သင့်ဖုန်းမှာ အလုပ်များ အလိုအလျှောက် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

လိုအပ်မယ့် အရာများ

ဒီလို လုပ်ဖို့အတွက် လိုအပ်ချက်နှစ်ခုရှိပါတယ်။ တစ်ခုက NFC Hardware ပါရှိတဲ့ Android Phone တစ်လုံးဖြစ်ပါတယ်။ အခုဆိုရင် Android Phone အများစုမှာ NFC Hardware များကို ထည့်သွင်းပေးလာကြပါပြီ။ စွမ်းဆောင်ရည်နိမ့်ဖုန်းတွေမှာတော့ ဈေးနှုန်းသက်သာစေဖို့ NFC Hardware များကို ထည့်သွင်းထားခြင်း မရှိပါဘူး။ သင့်ဖုန်းမှာ NFC Hardware ပါလား သိချင်ရင် Settings>Wireless and Networks အောက်မှာ ကြည့်နိုင်ပါတယ်။
Read More

လူမှုကွန်ရက်တွေကို စွန့်ခွာသင့်နေပြီလား

11:19 PM 0
မြန်မာနိုင်ငံမှာ လူမှုကွန်ရက် အသုံးပြုမှုက အဆမတန် မြင့်တက်လာခဲ့ပါတယ်။ လူမှုကွန်ရက်တွေကနေ သတင်းအချက်အလက်တွေ အလျင်အမြန် သိနိုင်ခြင်း၊ အပြန်အလှန် ဆက်သွယ်ခြင်းဆိုတဲ့ ကောင်းတဲ့ အချက်တွေရလာသလို စိတ်ပျက်စရာ ကောင်းတဲ့ အချက်တွေလည်း အများကြီး ရှိလာပါတယ်။

တစ်နေ့အလုပ်ချိန် ၈ နာရီထဲက လူမှုကွန်ရက်ပေါ်မှာ အချိန်ဘယ်လောက် ဖြုန်းခဲ့သလဲဆိုတာ သတိထားမိသလား။ စစ်တမ်းတွေအရ လူမှုကွန်ရက် အသုံးပြုသူတွေဟာ အလုပ်ချိန်ထဲက တစ်နေ့ကို မိနစ် ၄၀ မက အချိန်ဖြုန်းနေတယ်လို့ PC Mag ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီထက်တောင် ပိုနိုင်ပါတယ်။
Read More

လူအများစု မှားယွင်းစွာ မှတ်ထားလေ့ ရှိကြသောအရာများ

7:22 AM 0

ဧဝရတ်တောင်ဟာ ယနေ့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်မဟုတ်ဘူးလို့ သင်ဟာ သင့်မိတ်ဆွေကို ပြောလိုက်ရင် အဲဒီနေရာမှာပဲ အချေအတင် ငြင်းခုံကြရမှာ သေချာပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာပေါ်က လူအတော်များများ လွဲမှားစွာ မှတ်ယူထားတဲ့ အရာတွေကို နယ်ပယ်အသီးသီးက ပညာရှင်တွေက ဖော်ထုတ်လိုက်ပါတယ်။ အတော်များများ သိထားကြသလို မဟုတ်တဲ့အချက်တွေ များစွာ ပါဝင်နေပါတယ်။

၁။ ကော်ဖီစေ့ဟာ coffee beans အပင်က ရတယ်လို့ အတော်များများ သိထားကြပါတယ်။ တကယ်တော့ ပဲတောင့်ပင်အစေ့စစ်စစ်ကနေ ရလာတာဖြစ်ပါတယ်။
Read More

လူတော်လူမော်တွေ အမြဲတစေလက်ကိုင်ထားတတ်တဲ့ အမူအကျင့်(၁၀)မျိုး

11:37 AM 0
လူတော်လူမော်တွေ အမြဲတစေလက်ကိုင်ထားတတ်တဲ့ အမူအကျင့်(၁၀)မျိုး
၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်းအပေါင်းအသင်းစုဆောင်းတယ်
သူငယ်ချင်းတွေအကြားယုံကြည်စွာတည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ
ဘဝတစ်သက်တာအတွက် အကောင်းဆုံးအနွေးထည်ပါပဲ။
အဲဒါဟာသင့်ရဲ့ စာရိတ္တနဲ့
စိတ်နေစိတ်ထားအပေါ်မှာမူတည်ပြီး
ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။
Read More

ကြီးပွားကြောင်း (၇) ရပ်

11:26 AM 0
(၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ဆယ်ပုံတပုံကို အမြဲတမ်း ချန်ထားပါ။
(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲ သုံးစွဲပါ။ ငွေဝင်တဲ့ လမ်း
ကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထား
ဖို့လည်း လိုတယ်။ မလိုအပ်ပဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်
ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။
Read More

Post Top Ad