ကမ္ဘာ့အပူချိန်အမြင့်ဆုံး နေရာသို့မဟုတ် သေမင်းတမန်တောင်ကြားလမ်း - All Events

Hot

Post Top Ad

ကမ္ဘာ့အပူချိန်အမြင့်ဆုံး နေရာသို့မဟုတ် သေမင်းတမန်တောင်ကြားလမ်း


သေမင်းတမန်တောင်ကြားလမ်း(Dead Valley) ဆိုတာ စွန့်စားခန်းဝတ္ထုတွေထဲမှာ အသုံးများတဲ့ စကားလုံး ဖြစ်ပြီး ပြင်ပကမ္ဘာမှာလည်း တကယ်ရှိပါတယ်။ သေမင်းတမန်တောင်ကြားလမ်းလို့အမည်ရတဲ့ ဒေသတစ်ခုဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာရှိပါတယ်။


သေမင်းတမန်တောင်ကြားလမ်းဟာ ကမ္ဘာပေါ်မှာ အပူချိန်အမြင့်မားဆုံးဒေသတစ်ခုလည်း ဖြစ်ပါတယ်။ ပျွှမ်းမျှ အားဖြင့် အပူချိန် ၄၇ ဒီဂရီစင်တီဂရိတ်လောက်ရှိတက်ပြီး အရှေ့အလယ်ပိုင်းဒေသက အာရပ်နိုင်ငံတွေထက်တောင် ပျှမ်းမျှအပူချိန်မြင့်လေ့ရှိပါတယ်။ စိမ်းစိမ်းစိုစို သစ်ပင်တွေလုံးဝမရှိတဲ့ လွင်တီးခေါင်ပြင် အရပ်တစ်ခုဖြစ်ပါတယ်။ အဲဒီဒေသမှာ လူလည်း မနေကြပါဘူး။ အမေရိကမှာတော့ အခြောက်သွေ့ဆုံး နေရာတစ်ခုဖြစ်ပါတယ်။ အဲဒီဒေသမှာ အပူချိန်အမြင့်မားဆုံးဖြစ်သွားခဲ့တာက ၁၉၁၃ ဇူလိုင်လမှာ ဖြစ်ပြီးအဲဒီတုန်းက အပူချိန် ၅၆.၇ ဒီဂရီစင်တီဂရိတ်လောက် ဖြစ်သွားခဲ့ပါတယ်။


ပင်လယ်ရေမျက်နှာပြင်အောက် ၈၆ မီတာလောက်နိမ့်ကျပြီးတည်ရှိနေတာကြောင့်လည်း သေမင်းတမန်တောင်ကြားလမ်းဟာ ကမ္ဘာပေါ်မှာ အပူချိန်အမြင့်ဆုံးနေရာတစ်ခု ဖြစ်နေရခြင်းဖြစ်ပါတယ်။

Ref - wikipedia
planetmyanmarnews

No comments:

Post a Comment

Post Top Ad