သန္ဓေတားဆေး အဖြစ် အာလူးကို အသုံးပြုခဲ့ရာမှ လိင်အင်္ဂါတွင် အာလူးပင်ပေါက် - All Events

Hot

Post Top Ad

သန္ဓေတားဆေး အဖြစ် အာလူးကို အသုံးပြုခဲ့ရာမှ လိင်အင်္ဂါတွင် အာလူးပင်ပေါက်

ကိုလံဘီယာ နိုင်ငံက အသက် (၂၂)နှစ်အရွယ် အမျိုးသမီး တစ်ဦးဟာ မိခင်ဖြစ်သူရဲ့ အကြံပေး မှုကြောင့် အာလူးကို သန္ဓေတားဆေး အဖြစ် အသုံးပြုခဲ့ တာမို့ ဒုက္ခတွေ့ခဲ့ ရတယ်လို့ သိရပါတယ်။ ဒီလို အသုံးပြုခြင်းကြောင့် အဲဒီအမျိုးသမီးဟာ ဗိုက်အောင့် ဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ ရပါ တယ်။ ဒီ အမျိုးသမီးဟာ ဗိုက်အောင့် ဝေဒနာကြောင့် ဆေးရုံကို ရောက်ရှိလာ ပြီးနောက် အာလူးကို သန္ဓေတားဆေး အဖြစ် အသုံးပြု တာကို သိရှိခဲ့ရ ခြင်းဖြစ်ပါတယ်။
ဆရာဝန်တွေရဲ့ စမ်းသပ် စစ်ဆေးမှုအရ အဲဒီ အမျိုးသမီးရဲ့ အင်္ဂါမှာ အာလူး မျိုးစေ့တွေ တောင် ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။ အဲဒီ အမျိုးသမီးရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေမယ့် ဒီဖြစ်ရပ်ဟာ ကိုလံဘီယာ နိုင်ငံမှာ အလွန် ရေပန်းစားသွားခဲ့ ပါတယ်။

အဲဒီအမျိုးသမီးက ကျွန်မရဲ့အမေက အာလူးကို အသုံးပြုလို့ ရှိရင် ကလေး မရဘူးလို့ ပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်မအနေနဲ့ ဒီလို ပြုလုပ် ခဲ့ခြင်း ဖြစ်ပါတယ် လို့ ဖွင့်ဟ ပြောကြား သွားခဲ့ ပါတယ်။ ဒီဖြစ်စဉ်ဟာ ကိုလံဘီယာနိုင်ငံ၊ ဟွန်ဒါမြို့မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သူနာပြုတွေက အဲဒီ အမျိုးသမီးကို စမ်းသပ်ရာမှာ အာလူး မျိုးစေ့တွေကို တွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေက အချိန်မီ ကုသပေးခဲ့ တာမို့ ဘာပြဿနာမှ မရှိခဲ့ ဘူးလို့ သိရပါတယ်။

တောင်အမေရိက နိုင်ငံမှာ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ အသိပညာပိုင်း အားနည်းနေ တာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်နေ ရတယ်လို့ သိရပါတယ်။ ငယ်ရွယ်တဲ့ အမျိုးသမီးတွေ ကလေး မွေးဖွားမှုနှုန်း ကျဆင်းဖို့ ပညာပေး စည်းရုံးရာမှာ အသိပညာ ပိုင်းအားနည်းတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်မို့ တောင်အမေရိက နိုင်ငံက အမျိုးသမီးတွေဟာ လိင်နဲ့ ပတ်သက်တဲ့ ရောဂါ ဝေဒနာဆိုး တွေကို ခံစားနေရပါတယ်။

Messenger

No comments:

Post a Comment

Post Top Ad