ဂမၻီရေမ်ာက္႐ုပ္ဟုဆိုကာ က်ပ္သိန္း ၅၀ ျဖင့္ လိမ္လည္ေရာင္းခ်မႈ မႏၲေလးတြင္ျဖစ္ပြား - All Events

Hot

Post Top Ad

ဂမၻီရေမ်ာက္႐ုပ္ဟုဆိုကာ က်ပ္သိန္း ၅၀ ျဖင့္ လိမ္လည္ေရာင္းခ်မႈ မႏၲေလးတြင္ျဖစ္ပြား

ဂမၻီရေမ်ာက္႐ုပ္အားဟုဆိုကာ ယံုၾကည္ေအာင္စမ္းသပ္ျပသ၍ ေငြက်ပ္သိန္း ၅၀ လိမ္လည္မႈတခု မႏၱေလးတြင္ ျဖစ္ပြားခဲ့သည္။
ဂမၻီရေမ်ာက္႐ုပ္တခုေတြ႔ရွိထားေၾကာင္း မိတ္ေဆြတဦး၏ ေျပာစကားအရ ကသာမွ မႏၱေလးသို႔ သြားေရာက္ခဲ့ေၾကာင္း၊ မႏၱေလးအေရာက္ အမ်ဳိးသားႏွစ္ဦးတို႔က ၎အား မႏၱေလးေတာင္အနီး ဇရပ္တခုသို႔ ေခၚေဆာင္သြားျပီး ေမ်ာက္႐ုပ္ျပ၍ ယံုၾကည္ေအာင္ စမ္းသပ္ျပခဲ့ေၾကာင္း၊ ၎မွ သေဘာက်သျဖင့္ ၀ယ္ယူမည္ဟုဆိုကာ က်ပ္သိန္း ၅၀ ေပးအပ္ခဲ့ေၾကာင္း လိမ္လည္ခံရသူ ကိုသက္ေ၀က ေျပာသည္။


"သူငယ္ခ်င္း မိတ္ေဆြတေယာက္က ဂမၻီရေမ်ာက္ရုပ္ေလးရွိတယ္။ အစြမ္းရွိတယ္။ စမ္းသပ္လို႔ရတယ္။ ေအာင္ျမင္တယ္။ ကြ်န္ေတာ္က ဂမၻီရပစၥည္းေတြစိတ္ဝင္းစားတာနဲ႔ ကသာကေန မႏၲေလးၿမိဳ႕ကို ဆင္းလာတယ္။ အဲဒီေရာက္ေတာ့ ကိုေမာင္နိုင္နွင့္ကိုသိန္းထြန္းဆိုသူတို႔က မႏၲေလးေတာင္ေျခဇရပ္တခုဆီ ကြ်န္ေတာ္ကိုေခၚေဆာင္သြားတယ္။ အခ်ိန္က မတ္လ ၁၈ ရက္ မြန္းတည့္ခ်ိန္ေလာက္ေပါ့။ ေမ်ာက္႐ုပ္ကေလးျပတယ္။ စမ္းသပ္ျပတယ္။ ၃ ေပ အကြာကေန လက္နိွပ္ဓာက္မီးနဲ႔ထိုးထားတယ္။ ၃ စကၠန္႔အတြင္း မီးျငိမ္းသြားတယ္။ နာရီေပၚတင္ျပီ စမ္းျပတယ္။ နာရီ ရပ္သြားတယ္။ ကြ်န္ေတာ္လည္း ေမ်ာက္႐ုပ္ေလးသေဘာက်တာနဲ႔ ေငြက်ပ္သိန္း ၅၀ ေပးျပီး ေမ်ာက္႐ုပ္ေလး ယူထားလိုက္တယ္။ အဟုတ္မွတ္ခဲ့တာ။ 
No automatic alt text available.

မႏၲေလးက ကြ်န္ေတာ့္ မိတ္ေဆြအိမ္ေရာက္ေတာ့ ထပ္ စမ္းသပ္ၾကည္ေတာ့ မီးမပ်က္ေတာ့ဘူး။ နာရီကေတာ့ ရပ္တယ္။ ေသခ်ာစစ္ေဆးၾကည့္ေတာ့ ေမ်ာက္ရုပ္ေလးက သံလိုက္ပါတယ္။ နာရီလက္တံက သံဆိုေတာ့ ရပ္သြားတယ္။ သူတို႔ဖုန္းေတြဆက္ေတာ့ မကိုင္ေတာ့ဘူး။ စက္ပိတ္ထားတယ္။ ဝင္တဲ့ဖုန္းကလည္း မကိုင္ေတာ့ဘူး”ဟု ကိုသက္ေဝက ေျပာသည္။
အဆိုပါကိစၥနွင့္ပတ္သက္၍ အလိမ္ခံရသူ ကိုသက္ေဝမွ အမႈဖြင့္ေဆာင္ရြက္လိုျခင္းမရွိေၾကာင္း၊ ဂမၻီရေမ်ာက္႐ုပ္ဟုဆိုကာ လိမ္လည္ေရာင္းခ်ျခင္းကို ေနာက္လူမ်ား မခံရေစရန္အတြက္ထုတ္ေဖာ္ေျပာၾကားရျခင္းျဖစ္ေၾကာင္း၊ လိမ္လည္သူနွစ္ဦးက ရုမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ိဳၿမိဳ႕ မွ လာေရာက္ၾကသူမ်ားျဖစ္သည္ဟုေျပာေၾကာင္း ၎ကဆိုသည္။

Image may contain: one or more people
ဂမ္ဘီရမျောက်ရုပ်အားဟုဆိုကာ ယုံကြည်အောင်စမ်းသပ်ပြသ၍ ငွေကျပ်သိန်း ၅၀ လိမ်လည်မှုတခု မန္တလေးတွင် ဖြစ်ပွားခဲ့သည်။
ဂမ္ဘီရမျောက်ရုပ်တခုတွေ့ရှိထားကြောင်း မိတ်ဆွေတဦး၏ ပြောစကားအရ ကသာမှ မန္တလေးသို့ သွားရောက်ခဲ့ကြောင်း၊ မန္တလေးအရောက် အမျိုးသားနှစ်ဦးတို့က ၎င်းအား မန္တလေးတောင်အနီး ဇရပ်တခုသို့ ခေါ်ဆောင်သွားပြီး မျောက်ရုပ်ပြ၍ ယုံကြည်အောင် စမ်းသပ်ပြခဲ့ကြောင်း၊ ၎င်းမှ သဘောကျသဖြင့် ဝယ်ယူမည်ဟုဆိုကာ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့ကြောင်း လိမ်လည်ခံရသူ ကိုသက်ဝေက ပြောသည်။
Image may contain: one or more people
"သူငယ်ချင်း မိတ်ဆွေတယောက်က ဂမ္ဘီရမျောက်ရုပ်လေးရှိတယ်။ အစွမ်းရှိတယ်။ စမ်းသပ်လို့ရတယ်။ အောင်မြင်တယ်။ ကျွန်တော်က ဂမ္ဘီရပစ္စည်းတွေစိတ်ဝင်းစားတာနဲ့ ကသာကနေ မန္တလေးမြို့ကို ဆင်းလာတယ်။ အဲဒီရောက်တော့ ကိုမောင်နိုင်နှင့်ကိုသိန်းထွန်းဆိုသူတို့က မန္တလေးတောင်ခြေဇရပ်တခုဆီ ကျွန်တော်ကိုခေါ်ဆောင်သွားတယ်။ အချိန်က မတ်လ ၁၈ ရက် မွန်းတည့်ချိန်လောက်ပေါ့။ မျောက်ရုပ်ကလေးပြတယ်။ စမ်းသပ်ပြတယ်။ ၃ ပေ အကွာကနေ လက်နှိပ်ဓာက်မီးနဲ့ထိုးထားတယ်။ ၃ စက္ကန့်အတွင်း မီးငြိမ်းသွားတယ်။ နာရီပေါ်တင်ပြီ စမ်းပြတယ်။ နာရီ ရပ်သွားတယ်။ ကျွန်တော်လည်း မျောက်ရုပ်လေးသဘောကျတာနဲ့ ငွေကျပ်သိန်း ၅၀ ပေးပြီး မျောက်ရုပ်လေး ယူထားလိုက်တယ်။ 
No automatic alt text available.
အဟုတ်မှတ်ခဲ့တာ။ မန္တလေးက ကျွန်တော့် မိတ်ဆွေအိမ်ရောက်တော့ ထပ် စမ်းသပ်ကြည်တော့ မီးမပျက်တော့ဘူး။ နာရီကတော့ ရပ်တယ်။ သေချာစစ်ဆေးကြည့်တော့ မျောက်ရုပ်လေးက သံလိုက်ပါတယ်။ နာရီလက်တံက သံဆိုတော့ ရပ်သွားတယ်။ သူတို့ဖုန်းတွေဆက်တော့ မကိုင်တော့ဘူး။ စက်ပိတ်ထားတယ်။ ဝင်တဲ့ဖုန်းကလည်း မကိုင်တော့ဘူး”ဟု ကိုသက်ဝေက ပြောသည်။
Image may contain: table and water
အဆိုပါကိစ္စနှင့်ပတ်သက်၍ အလိမ်ခံရသူ ကိုသက်ဝေမှ အမှုဖွင့်ဆောင်ရွက်လိုခြင်းမရှိကြောင်း၊ ဂမ္ဘီရမျောက်ရုပ်ဟုဆိုကာ လိမ်လည်ရောင်းချခြင်းကို နောက်လူများ မခံရစေရန်အတွက်ထုတ်ဖော်ပြောကြားရခြင်းဖြစ်ကြောင်း၊ လိမ်လည်သူနှစ်ဦးက ရုမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ မှ လာရောက်ကြသူများဖြစ်သည်ဟုပြောကြောင်း ၎င်းကဆိုသည်။

No comments:

Post a Comment

Post Top Ad