ဒေါ်လာ ၄.၅ သန်းတန်တဲ့ အကြွေစေ့ ၃၅၀ စေ့ကို ဖလော်ရီဒါပြည်နယ်မှာ တွေ့ရှိ - All Events

Hot

Post Top Ad

ဒေါ်လာ ၄.၅ သန်းတန်တဲ့ အကြွေစေ့ ၃၅၀ စေ့ကို ဖလော်ရီဒါပြည်နယ်မှာ တွေ့ရှိ



ရတနာ သိုက်ရှာဖွေသူ တစ်ချို့ဟာ အမေရိကန် ပြည်ထောင်စု ၊ ဖလော်ရီဒါ ပြည်နယ်မှာ ဒေါ်လာ ၄.၅ သန်း တန်ဖိုးရှိတဲ့ စပိန် ရွှေအကြွေစေ့ တွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ထိုရှာဖွေတွေ့ရှိမှု ဟာ ဟာဗားနား က နေ စပိန်ကို ကူးသန်းခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၃၀၀ ကျော်က သဘောင်္တစ်စီး မုန်တိုင်းဒဏ်ကြောင့် နစ်မြုပ်ခဲ့ရာကနေ အခုမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။  Royal Eight Escudos လို့ လူသိများတဲ့ ရှားပါး အကြွေစေ့ ၉ စေ့ အပါအ၀င် ရွှေအကြွေစေ့ ပေါင်း ၃၅၀ ခုကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး ထို အကြွေစေ့တွေကို စပိန်နိုင်ငံ ထံသို့ ပို့ဆောင်ထားတယ်လို့လည်း သိရပါတယ်။

1715 Fleet - Queens Jewels လို့ အမည်ရတဲ့ ရတနာ သိုက်ရှာဖွေရေး ကုမ္မဏီ ကသာ ထို ရှာဖွေတွေ့ရှိခဲ့တဲ့ သဘောင်္ပျက်ကို ပိုင်ဆိုင်ခွင့် ရမှာ ဖြစ်ပါတယ်။ ထို အကြွေစေ့တွေထဲ အကြွေစေ့ ၂၀ ခန့်ဟာလည်းတော်ဝင် အကြွေစေ့ ၉ စေ့ ထက်အရင်ထုတ်လုပ်ခဲ့တာ ဖြစ်နိုင်တယ်လို့လည်း ရတနာသိုက် ရှာဖွေသူတွေက မှတ်ချက်ပြုထားပါတယ်။

ထို ရတနာ တွေကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သူဖြစ်တဲ့ အသက် ၅၁ နှစ်အရွယ်  William Bartlett ကတော့ "ရွှေတွေကြည့်ရတာ မနေ့တစ်နေ့ ကမှ ရေထဲနစ်မြုပ်ထားတဲ့ ပုံစံပေါက်ပါတယ်" လို့ ဆိုခဲ့ပါတယ်။ Barlett ဟာ ထို ရတနာသိုက်ကို ရှာဖွေတဲ့ ၃ ယောက်အဖွဲ့ ရဲ့ ခေါင်းဆောင်ဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်နေ့က ဖလော်ရီဒါ ပြည်နယ် Vero ကမ်းခြေကနေ သွားရောက်ရှာဖွေရင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။

၁၇၁၅ ခုနှစ်မှာတုန်းက ဇူလိုင်လ ၃၀ ရက်နေ့မှာ ဖလော်ရီဒါပြည်နယ် အရှေ့ဘက် ကမ်းမှာ ဆိုက်ကပ်ထားတဲ့ စပိန်နိုင်ငံပိုင် ရတနာ ပစ္စည်းများတင်ဆောင်ထားကြတဲ့ သဘောင်္ ၁၁ စီး ဟာ မုန်တိုင်းတစ်ခုရဲ့ တိုက်ခတ်မှု ကြောင့် နစ်မြုပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ထို ရှာဖွေတွေ့ရှိခဲ့တဲ့ ဒေါ်လာ ၄.၅ သန်းတန် အကြွေစေ့တွေကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လက်ထဲ ပြန်အပ်မှာဖြစ်ပေမယ့် 715 Fleet - Queens Jewels ကုမ္မဏီကတော့ ရှာဖွေတွေ့ရှိမှု တန်ဖိုးရဲ့ ၂၀ ရာခိုင်နှုန်းကို ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )
thithtoolwin

No comments:

Post a Comment

Post Top Ad