နေရောင်ထိရင် အသားအရေပျက်စီးတဲ့ရောဂါကို တစ်မြို့ လုံးနီးပါး ခံစားနေရတဲ့ ဘရာဇီးနိုင်ငံက တစ္ဆေရွာလေး - All Events

Hot

Post Top Ad

နေရောင်ထိရင် အသားအရေပျက်စီးတဲ့ရောဂါကို တစ်မြို့ လုံးနီးပါး ခံစားနေရတဲ့ ဘရာဇီးနိုင်ငံက တစ္ဆေရွာလေး



ဘရာဇီးနိုင်ငံသား Djalma Jardin ဟာ ပိတ်လို့ မရတော့တဲ့ မျက်လုံးတစ်ဖက်တည်းသာရှိတော့ပြီး သူဟာ နေ့ အချိန်တွေကို အိမ်တွင်းအောင်းပြီးသာ ကုန်ဆုံးနေရပါတယ်။

Sao Paolo ပြည်နယ်က Araras ရွာလေးဟာ တစ္ဆေရွာလို့ နာမည်ကျော်နေပြီး ရွာသား အများစုဟာ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေပျက်စီးမှုကို အရေပြားက ပြန်လည်ထိန်းသိမ်းမပေးနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်တဲ့ Xeroderma Pigmentosum (XP) ခေါ် မျိုးရိုးလိုက်တဲ့ရှားပါးရောဂါတစ်မျိုးကို ခံစားနေရတာဖြစ်ပါတယ်။

ရွာလူဦးရေ ၈၀၀ ထဲက ၆၀၀ ဟာ XP ရောဂါခံစားနေရပြီး အယောက် ၂၀ လောက်ဟာ ရောဂါလက္ခဏာသိသိသာသာ ပြလျက်ရှိကာ အရေပြားကင်ဆာရောဂါ XP ရဲ့ ဆိုးရွားတဲ့ ဒဏ်ကို ခံနိုင်စွမ်းမရှိပါဘူး။

Mr.Jardin ရဲ့ မျက်နှာဟာ ရောဂါကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နပြီး မျက်လုံးတစ်လုံးသာ ကျန်ရှိတော့ပါတယ်။ မျက်ခွံပါ ထိခိုက်ခဲ့တာကြောင့် ကျန်မျက်စိ တစ်လုံးကိုပါ မပိတ်နိုင်ဘဲ ပလာစတာအုပ်ပြီး အိပ်စက်ရတယ်လို့ ဆိုပါတယ်။

“ ကျွန်တော်အပြင်ထွက်တာနဲ့ နေရောင်က ကျွန်တော့်ကို လောင်နေတာကို ခံစားရပါတယ်။ အိမ်ရာဝင်ပြီး နောက်တစ်နေ့ ရောက်ရင် ကျွန်တော့်ကိုယ်မှာ အကွက်သေးသေးလေးတစ်ခုဖြစ်လာတယ်။ ရက်အနည်းငယ်အတွင်းမှာပဲ ဒီအကွက်က တဖြည်းဖြည်းကြီးလာတတ်တယ်။ ကျွန်တော့်မျက်လုံးမှာဖြစ်ခဲ့တဲ့အနာလိုပဲ ကြီးထွားမှုက ရပ်တန့် မသွားတတ်ဘူး” လို့ Mr.Jardin က ရင်ဖွင့်ပါတယ်။

Mr.Jardin ကို အင်တာဗျူးလုပ်ပြီး မကြာခင်မှာပဲ သူ့ ရဲ့ရောဂါအခြေအနေဟာ ပိုမို ဆိုးရွားလာပြီး နောက်ဆုံးမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ Sao Paulo က မျိုးရိုးဗီဇနှင့်ဇီဝပညာရှင် Dr.Carlos Menck ဟာ အဆိုပါ ရွာကို သွားရောက်ပြီး ဒီရွာလေးမှာ ဘာလို့ ဒီရောဂါဖြစ်နေရလဲ ဆိုတာ စူးစမ်းခဲ့ပါတယ်။

“ သိပ်မကြာခင်ကအထိ လူတွေဟာ ဒီရောဂါက ကူးစက်ရောဂါလို့ ထင်ခဲ့ကြတယ်။ တကယ်တမ်းတော့ မျိုးရိုးလိုက်တဲ့ရောဂါဖြစ်ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။

ရွာသားအကုန်လုံးကို ဆေးစစ်မှုပြုလုပ်ခဲ့ရာမှာ စုစုပေါင်းအယောက် ၈၀၀ မှာ ၆၀၀ ဟာ ငုပ်နေတဲ့ XP မျိုးရိုးဗီဇတွေ ပါဝင်နေတာကို တွေ့ ရှိခဲ့ရပါတယ်။ Araras ရွာကလူတွေ ဟာ အချင်းချင်းပြန်လက်ထပ်လေ့ရှိပြီး ဒီမျိုးရိုးဗီဇက အများစုမှာ လွှမ်းမိုးသွားခဲ့ကာ ရောဂါပေါပေါ်လာတာဖြစ်တယ်လို့ သိရပါတယ်။ XP ရောဂါအတွက် ကုသဆေးမရှိသေးဘဲ ရွာသားတွေကို နေရောင်ခြည်က လုံးဝရှောင် ရှားဖို့ သာ ဆရာဝန်တွေ သတိပေးနိုင်ခဲ့ပါတယ်။

( Ye Wint )
 thithtoolwin

No comments:

Post a Comment

Post Top Ad