သဲသောင်ပြင်မရှိတဲ့ အနီရောင်ကမ်းခြေ - All Events

Hot

Post Top Ad

သဲသောင်ပြင်မရှိတဲ့ အနီရောင်ကမ်းခြေ

သဲသောင်ပြင်မရှိတဲ့ အနီရောင်ကမ်းခြေ


ကမ်းခြေ(The Beach) လို့ဆိုလိုက်ရင် ဖြူဖွေးတောက်ပတဲ့သဲသောင်ပြင်ကို အရင်ဆုံးပြေးမြင်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာပန်ဂျင်းဒေသမှာရှိတဲ့ အနီရောင်ကမ်းခြေကတော့ အခြားကမ်းခြေတွေလို သဲတွေ  ဖုံးလွှမ်းနေတာမျိုးမဟုတ်ပါဘူး။


ရေစိုစွပ်ရာဒေသမှာ ပေါက်လေ့ရှိတဲ့ ကျူပင်၊ပေါင်းပင်တွေရဲ့ နီရဲလာတဲ့ အရောင်အသွေးကြောင့် ကမ်းခြေဟာ ဘယ်နေရာကြည့်ကြည့်အနီရောင်ဖြစ်နေရတာပါ။ ကမ်းခြေရဲ့ ပြယုဂ်ဖြစ်တဲ့ သဲသောင်ပြင်ကို အဲဒီမှာသင်မတွေ့နိုင်ပါဘူး။ အနီရောင်ကမ်းခြေကိုဖြတ်ပြီး ပင်လယ်ကြီးဆီရောက်တာကြောင့်လည်း အနီရောင်ကမ်းခြေလို့ ခေါ်ရတာဖြစ်ပါတယ်။ အမြဲတမ်းတော့ အနီရောင်ပန်းခင်းကြီးဖြစ်နေတာ မဟုတ်ပါဘူး။ ဧပြီလလောက်မှာ ကမ်းခြေမှာရှိတဲ့ အပင်တွေစတင် ရှင်သန်ကြီးထွား လာလေ့ရှိပါတယ်။ အဲဒီနောက် နွေရာသီတစ်လျှောက်လုံး စိမ်းလမ်းတဲ့ပန်းခင်းကြီးကို တွေ့ရမှာပါ။ ဒါပေမယ့် ဆောင်ဦးရာသီရောက်ရင်တော့ အနီရောင်ဖျော့ဖျော့ ပန်းခင်းအဖြစ် စတင်ပြောင်းလဲလာတော့ကို သင်မြင်တွေ့ရမှာဖြစ်ပါတယ်။ ကျူပင်တွေပေါက်ပြီး ရေဝပ်ရာဒေသဖြစ်ပါတယ်။

သဘာဝဂေဟစနစ် အကောင်းဆုံးနေရာတစ်ခုဖြစ်ပြီး ငှက်မျိုးစိပ်ပေါင်း ၂၆၀ ကျော်နဲ့ တောရိုင်းတိရိစ္ဆာန်ပေါင်း ၃၉၉ မျိုးကို တွေ့နိုင်တဲ့နေရာဖြစ်ပါတယ်။ အနီရောင်ကမ်းခြေဟာ ရွှံ့နွံထူထပ်တဲ့အတွက် တည်ဆောက်ထားတဲ့ တံတားတွေပေါ်ကနေ ထူးခြားတဲ့ကမ်းခြေအလှကို ခံစားနိုင်ပါတယ်။

source - wikipedia
 http://www.planet.com.mm/detail/28491/World

No comments:

Post a Comment

Post Top Ad