အတွင်းအား တွေရဖို့ အိမ်နားကတောင်နံရံ ကို အစိမ်းရောင် ခြယ်သခဲ့တဲ့ အမျိုးသား - All Events

Hot

Post Top Ad

အတွင်းအား တွေရဖို့ အိမ်နားကတောင်နံရံ ကို အစိမ်းရောင် ခြယ်သခဲ့တဲ့ အမျိုးသား


အမျိုးသားတစ်ယောက်ဟာ ၉၀၀ မီတာ ရှည်လျားတဲ့ တောင်စောင်း နံရံတစ်ခုကို အစိမ်းရောင် ဆေးတွေ ခြယ်သခဲ့ပြီး အဲဒီလို ခြယ်သ လိုက်ခြင်းအားဖြင့် တောင်စောင်းအနီးနားမှာ ရှိတဲ့ သူ့ရဲ့ နေအိမ်ကို ပိုမိုကောင်းမွန်တဲ့ အတွင်းအား(Feng Shui) တွေ ရရှိစေနိုင်တယ်လို့ ဆိုပါတယ်။


ကျောက်တုံးတွေရဲ့ မူလ သဘာဝ အရောင်ဟာ သူ့ရဲ့နေအိမ်ကို မကောင်းတဲ့ အတွင်းအား တွေပေးနေတယ်လို့လည်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ၊ Chongqing ဒေသ ၊ Qijiang စီရင်စု မှာနေထိုင်တဲ့ Yang Zhigang က ဆိုပါတယ်။

ထို အမျိုးသားဟာ လူ ၅ ယောက်ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို ပိုက်ဆံ ပေးငှားရမ်းပြီး တောင်စောင်းနံရံတွေကို vivid အစိမ်းရောင် တွေ ခြယ်သစေခဲ့တာဖြစ်ပါတယ်။ ထို Vivid အစိမ်းရောင်ကိုတော့ သစ်ပင်တွေရဲ့ ထိပ်ဆုံးမှာနဲ့ ထိုတောင်စောင်းရဲ့ တောင်ကြားလမ်း တစ်ဖက်က သစ်တောထဲမှာလည်း တွေ့ရနိုင်တယ်လို့ သိရပါတယ်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ Shanghaiist သတင်းဌာန ရဲ့ောဖ်ပြချက်အရတော့ သူတို့အဖွဲ့ဟာ ၉၀၀ မီတာ ရှည်လျားတဲ့ တောင်စောင်း ရဲ့ ၂၀၀၀ စတုရန်းမီတာ နေရာ ပမာဏ ကို အစိမ်းရောင်ခြယ်သဖို့အတွက် အချိန်တစ်ပတ်ခန့်ယူပြီး မှုတ်ဆေးဘူးတွေနဲ့ ဆေးမှုတ်ခဲ့တာ ဖြစ်တယ်လို့ လည်း သိရပါတယ်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ Yang ရဲ့ လုပ်ရပ်ဟာ တောင်စောင်းရဲ့ ရေရှည်တည်တံ့ မှု အပေါ် မှာ မကောင်းတဲ့ သက်ရောက်မှု တွေရှိနိုင်သလား ဆိုတာကို စစ်ဆေးနေကြတယ်လို့ သိရပါတယ်။



#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

No comments:

Post a Comment

Post Top Ad