အင်ပိုင်ယာ စတိတ် မိုးမျှော်တိုက်နံရံမှာ တောရိုင်းတိရစ္ဆာန် ရှိုးပွဲလုပ် - All Events

Hot

Post Top Ad

အင်ပိုင်ယာ စတိတ် မိုးမျှော်တိုက်နံရံမှာ တောရိုင်းတိရစ္ဆာန် ရှိုးပွဲလုပ်


 နယူးယောက်ခ်မြို့၏ နာမည်ကျော် အင်ပိုင်ယာ စတိတ် မိုးမျှော်တိုက်ကြီး၏ နံရံတွင် စနေနေ့ညက ပရိုဂျက်တာများဖြင့် ထိုးပြီး တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး ပညာပေး ရှိုးပွဲလုပ်ခဲ့ကြောင်း သိရသည်။
          ကမ္ဘာတစ်ဝန်း တောရိုင်းတိရစ္ဆာန် များအား သတ်ဖြတ်နေမှုများကို လူအများ သတိထားမိ စေရန်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။
နှင်းကျားသစ်၊ ကျား၊ ပင်လယ်သတ္တ၀ါ အမျိုးမျိုး စသဖြင့် တိရစ္ဆာန် အမျိုးမျိုး၏ ပုံများကို တွေ့ရသည်။ တိုက်နံရံ ပြကွက် ရုပ်ပုံများ၏ အမြင့်သည် ပေ (၃၅၀) ရှိသည်။  အင်ပါယာ စတိတ် အဆောက်အဦကြီးရှိ မန်ဟတ်တန်တွင် စနေနေ့ညက လူအများ စိတ်ဝင်တစားဖြင့် ၀ိုင်းကြည့်ရှုခဲ့ကြသည်။ စုစုပေါင်း သတ္တ၀ါ မျိုးစိတ် (၁၆၀)ထိကို ပြသခဲ့သည်။ ရေနေ နို့တိုက်သတ္တ၀ါများ၊ အင်းဆက်များလည်း ပါဝင်သည်။ စနေနေ့ည ကိုးနာရီမှ (၁၂) နာရီအတွင်း ပြသခဲ့သည်။ (၈) မိနစ်ကြာ ပြကွက်ကို (၁၅)မိနစ် တစ်ကြိမ် ထပ်ကျော့ပြီး ပြသခဲ့သည်။
          အင်ပါယာစပိတ် အဆောက်အဦသည် မန်ဟတ်တန်တွင်  အမြင့်ဆုံး အဆောက်အဦများအနက် တစ်ခုဖြစ်ပြီး အဆောက်အဦ ကိုယ်ထည်သည် (၃၈၁) မီတာ မြင့်သည်။ ပုံရိပ်ကြီးများ ဖော်နိုင်ရန်အတွက် ပရိုဂျက်တာအလုံး (၄၀) အသုံး ပြုခဲ့ရကြောင်း သိရသည်။

Source: BBC
http://www.messengernewsjournal.com/news/Inter/detail.php?id=41820

No comments:

Post a Comment

Post Top Ad