ပေ (၂၀၀၀၀) ကျော်ပေါ်ကနေ ခုန်ချပြီး စံချိန်သစ်တင်ရှိ - All Events

Hot

Post Top Ad

ပေ (၂၀၀၀၀) ကျော်ပေါ်ကနေ ခုန်ချပြီး စံချိန်သစ်တင်ရှိ

အမေရိကန် ပြည်ထောင်စု၊ အီလီနွိုက် ပြည်နယ်မှာ တင်ရှိခဲ့တဲ့ ကမ္ဘာ့စံချိန် တစ်ခုက စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လေထီးခုန်သမား  (၁၆၄) ဦးဟာ အမြင့်ပေ (၂၀၀၀၀)ကျော်ကနေ ဦးခေါင်းနဲ့ ငိုက်ဆင်းပြီး ခုန်ချခြင်း ပြုလုပ်ခဲ့တာကြောင့် ဖြစ်ပါတယ်။
ဒါဟာ ကမ္ဘာ့ စံချိန်ဖြစ်ခဲ့ပြီး ၂၀၁၂ က (၁၃၈)ဦးနဲ့ တင်ထားတဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လေထီးခုန်ရာမှာ  ဦးခေါင်းနဲ့ ငိုက်ဆင်းပြီး တစ်ယာက်လက်ကို တစ်ယောက် ချိတ်ကာ လေထဲမှာ ပန်းပွင့်ပုံစံကို ပုံဖော်ခဲ့ပါတယ်။ စည်းလုံးမူရှိမှ ပြုလုပ်နိုင်တဲ့ ပြကွက်ဖြစ်ပြီး ဒီလိုလုပ်နိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။      လေပေါ်မှာ ပန်းပွင့်ပုံစံဖြစ်ဖို့  (၁၃) ကြိမ်ခန့် ကြိုးစားပြီးမှ စံချိန်ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အမြင့်ပေ (၂၀၀၀၀) ကျော် က ခုန်ချရတာကြောင့် တစ်နာရီကို  (၂၄၀) မိုင်နှုန်းနဲ့ ဦးခေါင်းကို စိုက်ဆင်းရတာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံသားတွေ အပြင် အင်္ဂလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ယူအေအီးစတဲ့ နိုင်ငံတွေက လေထီးခုန် ၀ါသနာရှင်တွေလည်း ၀င်ရောက် ဆင်နွှဲခဲ့ပါတယ်။ လေယာဉ် ခုနစ်စီးနဲ့အတူ လေထီးခုန်သမားတွေ ခုန်ချခဲ့တာဖြစ်ပြီး ရင်ခုန် စိတ်လူပ်ရှားရတဲ့ ပြကွက်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဒီလိုခုန်ချမူကို ဓာတ်ပုံ ဆရာက အကောင်းဆုံး ပုံဖော် ရိုက်ကူးနိုင်ခဲ့ပါတယ်။

http://www.messengernewsjournal.com/General/Eventure/detail.php?id=41757

No comments:

Post a Comment

Post Top Ad