၎ ပေ အရှည်ရှိတဲ့ ပူဖောင်းကို ပါးစပ်နဲ့ မြိုချပြခဲ့တဲ့ အမျိုးသမီး - All Events

Hot

Post Top Ad

၎ ပေ အရှည်ရှိတဲ့ ပူဖောင်းကို ပါးစပ်နဲ့ မြိုချပြခဲ့တဲ့ အမျိုးသမီး

ဒီ အမျိုးသမီး ဟာ သူမရဲ့ ဘယ်သူနဲ့မှ မတူပဲ ပြောင်မြောက်လှတဲ့ အရည်အချင်းတွေကို ရိုက်ကူးထား ဗီဒီယို တစ်ခုကြောင့် အင်တာနက် ကြယ်ပွင့်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

ထို ဗီဒီယို ထဲမှာတော့ သူမဟာ ၄ ပေ ရှည်တဲ့ ပူဖောင်း အရှည်တစ်ခုကို တစ်ဖြည်းဖြည်းချင်း ပါးစပ်ထဲထည့်ပြီး နောက်ဆုံးမှာတော့ သူမဟာ ပူဖောင်းတစ်ခုလုံးကို မြိုချလိုက်နိုင်ပါတယ်။

သူမဟာ စားသောက်ဆိုင်တစ်ခုအတွင်းမှာ မတ်တပ်ရပ်ရင်း ထို ရှည်လျားလှတဲ့ ပူဖောင်းကို တစ်ဖြည်းဖြည်းချင်း မြိုချကာ ကမ္ဘာပေါ်က သာမန် အလုပ်ကိစ္စ တစ်ရပ်လို့ပဲ သဘောထားပြနိုင်ခဲ့ပါတယ်။

ထိုဗီဒီယို ကိုတော့ Facebook အသုံးပြုသူအများစုက ပြန်လည် ဝေမျှခဲ့ကြပြီး ကြည့်ရှုသူ ၆၀၀၀ ကျော်ခန့်ရှိခဲ့ပြီး သူမရဲ့ မျက်လှည့်အတတ် ပညာကို ချီးကျူးသူတွေလည်း ရှိလာခဲ့တာကို တွေ့ရပါတယ်။ ထို ပူဖောင်းကတော့ သူမရဲ့ လည်ချောင်းထဲဝင်ရောက်ပြီး မျက်လှည့်ဆန်စွာနဲ့ ပျောက်ကွယ်သွားခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း Facebook အသုံးပြုသူတစ်ယောက်ကတော့ သူမရဲ့ မျက်လှည့်ပညာကို ယုံကြည်ချင်စရာကောင်းတယ်လို့ ချီးကျူးထားပေမယ့် သူမရဲ့ မျက်လှည့်ပညာ ကို ရှုံ့ချတိုက်ခိုက်ထားတဲ့ ထင်မြင်ချက် အချို့ဟာဆိုရင်လည်း ဖော်ပြဖို့မသင့်လောက်အောင် ရိုင်းနေတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

No comments:

Post a Comment

Post Top Ad