ISIS က အီရတ်မှာ အမျိုးသားတစ်ယောက်ကို ‘Gay’ ဖြစ်တဲ့အတွက် အထပ်မြင့် အဆောက်အဦးပေါ်မှ ပစ်ချမှုကို လာကြည့်ခဲ့ကြတဲ့ လူအုပ်ကြီး - All Events

Hot

Post Top Ad

ISIS က အီရတ်မှာ အမျိုးသားတစ်ယောက်ကို ‘Gay’ ဖြစ်တဲ့အတွက် အထပ်မြင့် အဆောက်အဦးပေါ်မှ ပစ်ချမှုကို လာကြည့်ခဲ့ကြတဲ့ လူအုပ်ကြီး

အစ္စလာမ်မစ်ပြည်ထောင်စု အမည်ခံ စစ်သွေးကြွ ISIS အဖွဲ့ ဟာ လိင်တူဆက်ဆံတယ်လို့ စွပ်စွဲခံရတဲ့ လူတိုင်းကို ရက်ရက်စက်စက် ဖမ်းဆီးပြီး ကွပ်မျက်လေ့ ရှိနေပါတယ်။

အမျိုးသားတစ်ယောက်ရဲ့ လိင်ဆန္ဒ ဘယ်ဘက်ယိမ်းလဲဆိုတာ ISIS တို့ ဘယ်လိုတွေ့ ရှိမှန်း မသဲကွဲပေမယ့် ဂျီဟတ်ဒ်အဖွဲ့ ဟာ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေကို အဆောက်အဦးတွေပေါ်က ပစ်ချသတ်ဖြတ်တာကို ဆက်လက်လုပ်ဆောင်နေကြောင်း အဖွဲ့ ရဲ့ နောက်ဆုံးဖော်ပြထားတဲ့ ဓာတ်ပုံ တွေအရ သိနိုင်ပါတယ်။


Mosul မြို့ ရဲ့ အဓိက လမ်းမကြီးမှာ ဒေသခံလူအုပ်ဟာ စုဝေးရောက်ရှိခဲ့ပြီး အထက်ပါ ကြောက်မက်ဖွယ် အပြစ်ပေးမှုလုပ်ဆောင်တာကို စောင့်ဆိုင်းကြည့်ရှုခဲ့ကြပါတယ်။ စီရင်ချက်ချသူက မျက်လုံးစည်းခံထားရတဲ့ အမျိုးသားကို သေဒဏ်ချမှတ်တဲ့ စီရင်ချက်ကို ဖတ်ပြနေချိန်မှာ အဖြူရောင်ဝတ်လုံ၊ အနက်ရောင်ကျည်ကာအင်္ကျီဝတ်ထားတဲ့ ISIS လေးယောက်က တန်းစီ မတ်တပ်ရပ်နေခဲ့ပါတယ်။

လူအုပ်ထဲမှာ ISIS ယူနီဖောင်းဝတ်ဆင်ထားပြီး လက်နက်ကိုင်ဆောင်ထားတဲ့ လူအများအပြားကို တွေ့ မြင်ရပြီး ကလေးငယ်တစ်ချို့ ကိုလည်း လူအုပ်ရဲ့ရှေ့ မှာတွေ့ မြင်ရပါတယ်။ ISIS ဟာ စွပ်စွဲခံရ သူအမျိုးသားကို တိုက်ပေါ်က တွန်းချတဲ့အချိန်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသခြင်းမရှိခဲ့ပေမယ့် နောက်ဆုံးဖော်ပြထားတဲ့ဓာတ်ပုံအရ ISIS တို့ ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သဘာဝဗီဇကို တွေ့ မြင်နိုင်မှာပါ။

တူရကီနိုင်ငံတွင်း ISIS အဖွဲ့ ရဲ့ အသေခံဗုံးဖောက်ခွဲမှုအပြီး၊ တူရကီအစိုးရက နယ်စပ်တစ်လျှောက်မှာ တိုင်းကြပ်ဇုံတစ်ခု တည်ဆောက်ဖို့ ဆုံးဖြတ်ချက်ချကာ ISIS ကို စစ်ရေးအရခြိမ်းခြောက်မှုတွေ တိုးမြှင့်နေချိန်မှာ ယခုသတင်းက ပေါ်ထွက်လာတာဖြစ်ပါတယ်။

အီရတ်နိုင်ငံတောင်ပိုင်းက PKK စစ်အခြေစိုက်စခန်းတွေနဲ့ ဆီးရီးယားနိုင်ငံက ISIS အခြေကုပ် ယူထားတဲ့နေရာတွေကို မကြာသေးမီက တူရကီတိုက်လေယာဉ်တွေက ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
Ref: dailymail.co.uk

Trend Myanmar

No comments:

Post a Comment

Post Top Ad