NFC Tags များကို Android Phone နဲ့ ချိတ်ဆက်အသုံးပြုနည်း - All Events

Hot

Post Top Ad

NFC Tags များကို Android Phone နဲ့ ချိတ်ဆက်အသုံးပြုနည်း

NFC Tags များဟာ အလွန်ဈေးသက်သာပြီး သင့်စမတ်ဖုန်းကို အလိုအလျှောက် အလုပ်များ ခိုင်းစေနိုင်ပါတယ်။ ဥပမာ အနေနဲ့ သင့်အိပ်ယာရဲ့ ဘေးမှ စားပွဲပေါ်မှာ၊ အိမ်တံခါးဝမှာ၊ ကားထဲမှာ ၊ အလုပ်စားပွဲပေါ်မှာ NFC Tags များကို ထားရှိနိုင်ပါတယ်။ သင့်ဖုန်းရဲ့ အနောက်ဘက်နဲ့ NFC Tag ကို ထိတွေ့လိုက်ရုံနဲ့ သင့်ဖုန်းမှာ အလုပ်များ အလိုအလျှောက် ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

လိုအပ်မယ့် အရာများ

ဒီလို လုပ်ဖို့အတွက် လိုအပ်ချက်နှစ်ခုရှိပါတယ်။ တစ်ခုက NFC Hardware ပါရှိတဲ့ Android Phone တစ်လုံးဖြစ်ပါတယ်။ အခုဆိုရင် Android Phone အများစုမှာ NFC Hardware များကို ထည့်သွင်းပေးလာကြပါပြီ။ စွမ်းဆောင်ရည်နိမ့်ဖုန်းတွေမှာတော့ ဈေးနှုန်းသက်သာစေဖို့ NFC Hardware များကို ထည့်သွင်းထားခြင်း မရှိပါဘူး။ သင့်ဖုန်းမှာ NFC Hardware ပါလား သိချင်ရင် Settings>Wireless and Networks အောက်မှာ ကြည့်နိုင်ပါတယ်။


ဒုတိယ လိုအပ်တဲ့ တစ်ခုက Program ရေးဆွဲနိုင်တဲ့ တစ်နည်းအားဖြင့် အလုပ်များ သတ်မှတ်နိုင်တဲ့ NFC Tags များပါပဲ။ စမတ်ဖုန်းထုတ်လုပ်သူအချို့က ကိုယ်ပိုင် NFC Tags များကို ထုတ်လုပ်ရောင်းချပါတယ်။ ဒါပေမယ့် သင့် Android Phone ထုတ်လုပ်သူရဲ့ NFC Tags များသာမကဘဲ မည်သည့် NFC Tags ကိုမဆို သင့်ဖုန်းနဲ့ ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။

NFC Tags များမှာ ဘက်ထရီ မပါရှိပေမယ့် Memory ပါရှိပါတယ်။ သင့်ဖုန်းမှ NFC Reader ကို Tag နား ထားရှိလိုက်ရင် NFC Reader က Tag ကို စွမ်းအင် ပံ့ပိုးပေးပြီး Tag မှ ဒေတာများကို ဖတ်ရှုပေးပါတယ်။ Tags များကို Program ရေးသားနိုင်တဲ့အတွက် သင်ပြုလုပ်ချင်တဲ့ အလုပ်များကို Tag မှာ ရေးသားနိုင်ပါတယ်။
2
Tags ကို Program ရေးဆွဲခြင်း

ဒီလိုလုပ်ဖို့အတွက် App တစ်ခု လိုအပ်ပါတယ်။ Google Play မှာ “nfc tags” လို့ ရိုက်ရှာလိုက်ရင် အခမဲ့ App များစွာကို တွေ့ရမှာပါ။ ဥပမာအားဖြင့် NFC Tools App က Tag မှာ ဒေတာများ ရေးသားနိုင်သလို Tag မှာ ရေးသားထားတဲ့ ဒေတာများကိုလည်း ဖတ်ရှုနိုင်ပါတယ်။

အဲဒီလို App တစ်ခုကို ဖုန်းမှာ အင်စတောလုပ်ပါ။ App ကိုဖွင့်ပြီး ပြုလုပ်ချင်တဲ့ အလုပ်ကို သတ်မှတ်ပါ။ Tag တစ်ခုကို Reprogram လုပ်လို့မရအောင် Lock လုပ်ထားနိုင်ပါတယ်။ အဲဒီ စွမ်းရည်ကတော့ အများသုံးနေရာများမှာ Tag ကိုထားမယ်ဆိုရင် အသုံးဝင်ပါတယ်။ ဒါပေမယ့် အဲဒီလို ပြုလုပ်ရင် သင်ကိုယ်တိုင်လည်း နောက်တစ်ကြိမ် Tag မှ အလုပ်များကို ပြောင်းလဲလို့မရတော့ပါဘူး။ အဲဒီအတွက် မလိုအပ်ရင် Lock မပြုလုပ်သင့်ပါဘူး။
3
ပြီးရင်တော့ သင့်ဖုန်းရဲ့ အနောက်ဘက်မှာရှိတဲ့ NFC Reader နဲ့ Tag ကို တို့ထိပေးပါ။ ဒါဆိုရင် ဖုန်းမှ ဒေတာများကို Tag ရဲ့ Memory ထံသို့ ကူးယူပေးမှာ ဖြစ်ပါတယ်။ Tag ကို သင်အသုံးပြုမယ့် နေရာမှာ ထားရှိပါ။
4
Tags ကို အသုံးပြုခြင်း

သင့်ဖုန်းရဲ့ အနောက်ဘက်နဲ့ Tag ကို တို့ထိလိုက်တာနဲ့ Tag မှာ သတ်မှတ်ထားတဲ့ အလုပ်ကို ဖုန်းက အလိုအလျှောက် လုပ်ဆောင်ပေးမှာပါ။ Tags များကိုတော့ သတ်မှတ်ထားတဲ့ အလုပ်ပေါ်မူတည်ပြီး သင့်တော်တဲ့ နေရာများမှာ ထားရှိပါ။ ဥပမာအားဖြင့် ညအိပ်ယာဝင်ချိန်မှာ ဖုန်းကို Mute လုပ်ချင် Tag ကို အိပ်ယာနားထားပါ။ WiFi ရဲ့ Password သတင်းအချက် ထည့်သွင်းထားတဲ့ Tag ကို ဧည့်ခန်းမှာ ထားရှိပေးထားရင် သင့်သူငယ်ချင်းများက သူတို့ရဲ့ ဖုန်းကို Tag နဲ့ ထိတွေ့လိုက်တာနဲ့ သင့် WiFi ကို ချိတ်ဆက်မိပါပြီ။ အဲဒီအတွက် Password ရိုက်ထည့်ရတဲ့ အလုပ်ရှုပ်မှုကင်းဝေးစေပါတယ်။ NFC Tag များရဲ့ အသုံးဝင်မှုတွေက များပြားပါတယ်။

Apple ရဲ့ iPhone 6 မှာ NFC Hardware ပါပေမယ့် Apple Pay အတွက်ဖြစ်ပြီး Apps များက အသုံးပြုနိုင်ခြင်း မရှိသေးပါဘူး။ နောက်ပိုင်းမှာတော့ Apple က iPhone ရဲ့ NFC Hardware ကို ပိုမို အသုံးချနိုင်အောင် ပြုလုပ်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ Windows Phone များမှာလည်း NFC Hardware ကို တွင်ကျယ်စွာ အသုံးချနိုင်ပါပြီ။

digital life journal

No comments:

Post a Comment

Post Top Ad