ငါးမန်း တွေ့သဖြင့် ကမ်းခြေပိတ်ထား - All Events

Hot

Post Top Ad

ငါးမန်း တွေ့သဖြင့် ကမ်းခြေပိတ်ထား


ငါးမန်းများ မကြာမကြာ တွေ့နေရသောကြောင့် သြစတြေးလျ အရှေ့ဘက် ကမ်းခြေရှိ ပင်လယ်ကမ်းခြေ လေးခုကို တနင်္ဂနွေနေ့ကစပြီး ပိတ်ထားလိုက်ရကြောင်း သိရသည်။
      ယခုလအစောပိုင်းက ရေလွှာလျှောစီးသူ တစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိပြီး ဂျပန် ရေငုပ်သမားတစ်ဦး သေဆုံးခဲ့ရသည့် ဘယ်လီနာ ကမ်းခြေကို(၂၄) နာရီပိတ်ထားမည် ဖြစ်ကြောင်း သိရသည်။
စနေနေ့မနက် ကိုးနာရီ ခွဲခန့်က ငါးမန်းကြီး တစ်ကောင်ကို အိန်ဂျယ်ကမ်းခြေမှ မီတာ(၅၀) အကွာခန့်တွင် ကူးခတ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ရဲများက သတင်း ထုတ်ပြန်ခဲ့သည်။ ယင်းမှာ ငါးစာပေါများစွာ ရှိနေခြင်းကြောင့် ငါးမန်းများ ကမ်းခြေဧရိယာသို့ ရောက်လာခြင်း ဖြစ်နိုင်သည်ဟု ယူဆထားကြသည်။
      ထိုကဲ့သို့ ငါးမန်းများ မြင်တွေ့ရ မှုမှာ အသက်(၄၀)အရွယ် ဒန်မီရယ် ဂျွန်ဆင်ဆိုသူသည် မာရီယာကျွန်းတွင် သမီးဖြစ်သူ၏ ရှေ့တွင်ပင် ငါးမန်း တိုက်ခိုက်ခြင်း ခံခဲ့ရပြီး ကမ်းခြေသို့ရောက်အောင် ပြန်ကူးလာခဲ့သော်လည်း အသက်ဆုံးရှုံးခဲ့ရသည့် ဖြစ်စဉ် နောက်ပိုင်း ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
      တက်စမေးနီးယန်း ပြည်နယ်ရဲများသည် တနင်္ဂနွေနေ့က မာရီယာကျွန်း တစ်ဝိုက်ရေပြင်ကို ကင်းလှည့်ခဲ့ပြီး လူများကို လည်း အဆိုပါ နေရာတစ်ဝိုက်သို့ မသွားရန် တားမြစ်ထားခဲ့သည်။

Source: AFP
 http://www.messengernewsjournal.com/General/Eventure/detail.php?id=41430

No comments:

Post a Comment

Post Top Ad