ဂျပန်နိုင်ငံရှိ တိရစ္ဆာန်ရုံတစ်ခု ပိုးဟပ်ပြပွဲ ပြုလုပ်မည် - All Events

Hot

Post Top Ad

ဂျပန်နိုင်ငံရှိ တိရစ္ဆာန်ရုံတစ်ခု ပိုးဟပ်ပြပွဲ ပြုလုပ်မည်


ဂျပန်နိုင်ငံရှိ တိရစ္ဆာန်ရုံ တစ်ခုသည် ကမ္ဘာတွင် လူမုန်း အများဆုံး အင်းဆက်ပိုးမွှားတစ် မျိုးဖြစ်သော ပိုးဟပ်များကို ပြပွဲ တစ်ခုပြုလုပ်ကာ ပြသသွားမည် ဖြစ်သည်။

အဆိုပါ ပိုးဟပ်များမှာ မြို့ ပြ ချောင်ကြိုချောင်ကြားနေရာ များနှင့် မီးဖိုချောင်များတွင် အ တွေ့ရများပြီး ညစ်ပတ်သည့် သတ္တဝါတစ်မျိုးအဖြစ် ယူဆကြ သော်လည်း အရေးကြီးအလုပ် ကို လုပ်သည့် သတ္တဝါများဖြစ် ကြောင်း ဂျပန်အနောက်ပိုင်း ယာမာဂူချီရှိ ရှန်နန်ရှီ တိုကူယာမ တိရစ္ဆာန်ရုံမှ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုသည်။

ထိုတိရစ္ဆာန်ရုံက ပြသမည့် ပိုးဟပ်ပြပွဲတွင် လာရောက်ကြည့် ရှုသူ ဧည့်ပရိသတ်များသည် ပိုး ဟပ်ငါးကောင် အပြေးပြိုင်ပွဲ ရှု စားရမည်ဖြစ်သလို လက်ပေါ် တွင် မာဒါဂါစကား ပိုးဟပ်ကြီး တစ်ကောင်ကို ကိုင်တွယ်ခွင့် ရရှိ မည်ဖြစ်သည်။

ထိုပိုးဟပ်သည် အရှည် နှစ် လက်မခွဲခန့် (၇ စင်တီမီတာ) အထိ ကြီးထွားနိုင်သော ပိုးဟပ်ကြီးမျိုး ဖြစ်သည်။

သို့သော် ပိုးဟပ်သည် ပျံ သန်းနိုင်ခြင်းမရှိဘဲ ကိုင်တွယ်သူ ကို အသံပြုမည်ဖြစ်သည်။

တိရစ္ဆာန်ရုံက ပြုလုပ်မည့် ပြပွဲတွင် ပိုးဟပ်များအပြင် အခြား သတ္တဝါမျိုးစိတ် ၁၅ ခုခန့်မှ သတ္တ ဝါကောင်ရေ ၂၀၀ ခန့်  ပြသသွား မည်ဖြစ်သည်။

ထိုပြပွဲသို့ ပရိသတ် ၇၀ မှ ၈၀ ရာခိုင်နှုန်းခန့် လာရောက် ကြည့်ရှုရန် မျှော်မှန်းထားသည်။

—Ref: Asiaone/AFP
7daysdailynews

No comments:

Post a Comment

Post Top Ad