အိုင်းစတိုင်းတွေ စုဝေးပြီး ကမ္ဘာ့စံချိန်တင် - All Events

Hot

Post Top Ad

အိုင်းစတိုင်းတွေ စုဝေးပြီး ကမ္ဘာ့စံချိန်တင်

အမေရိကန်ပြည်ထောင်စု၊ လော့စ် အိန်ဂျလိစ်မှာ အိုင်းစတိုင်းတွေ စုဝေးပြီး ကမ္ဘာ့စံချိန်သစ် တင်ရှိခဲ့ကြောင်း သိရပါတယ်။ ရူပဗေဒပညာရှင် အဲလ်ဘတ်အိုင် စတိုင်းကို ဂုဏ်ပြုတဲ့အနေနဲ့ အိုင်းစတိုင်းပုံစံ ၀တ်စားဆင်ယင်ပြီး တစ်စုတစ်ဝေးတည်း စုဝေးကာ စံချိန်တင်ခဲ့ခြင်း ဖြစ်ပါတယ်။ ကျောင်းသားတွေ အပါအ၀င် စုစုပေါင်း (၃၀၀) ကျော် ပါဝင်ဆင်နွှဲပြီး ဂင်းနစ်စံချိန်သစ်ကို တင်ရှိလိုက်တာပါ။
အိုင်းစတိုင်းတွေ တစ်နေရာတည်းမှာ အများဆုံး စုဝေးတဲ့ စံချိန်ကို ရယူခဲ့ခြင်း ဖြစ်ပါတယ်။ ဒီလုပ်ဆောင်မှုကို ဒေသတွင်းရှိ ဖောင်ဒေးရှင်း တစ်ခု၊ ကယ်လီဖိုးနီးယားရှိ သိပ္ပံသင်တန်းကျောင်း၊ ဂင်းနစ်စံချိန် ပြုစုရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

    School on wheel ဖောင်ဒေးရှင်း တည်ထောင်သူဟာ အိုင်စတိုင်းကို လေးစားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီနှစ်အစောပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အသက် ( ၈၁)နှစ်အရွယ်ရှိ ဘန်နီ ၀က်ဆာမန်းက ဦးဆောင်ပြီး အိုင်းစတိုင်းလို ၀တ်စားဆင်ယင်ခဲ့တာ ဖြစ်ပါ တယ်။ ဒီစံချိန်ကို ပြီးခဲ့တဲ့ ဇွန်လကုန်ခါနီးမှာ ပြုလုပ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။ မတ်လအတွင်းက တင်ရှိထားတဲ့ အိုင်စတိုင်း ( ၃၁၉) ဦးစံချိန်ကို ချိုးဖျက်လိုက်တာ ဖြစ်ကြောင်း ဖော်ပြထားပေမယ့် အတိအကျတော့ ဖော်ပြထားခြင်း မရှိဘဲ(၃၀၀) ကျော်လို့သာ ရေးသားထားပါတယ်။ ဒီနှစ်ဟာ အိုင်စတိုင်း နှစ်(၁၀၀)ပြည့် အခမ်းအနားနဲ့လည်း တိုက်ဆိုင်နေတာကြောင့် ဂုဏ်ပြုမှုတွေ ပြုလုပ်နေခြင်း ဖြစ်ပါတယ်။

        အိုင်းစတိုင်းဟာ အထင်ရှားဆုံး ရူပဗေဒ ပညာရှင် တစ်ဦးဖြစ်ပြီး၊ ၁၉၂၁ မှာ နိုဘယ်ဆု ရရှိခဲ့ပြီး၊ အသက်(၇၆) နှစ် အရွယ် ၁၉၅၅ မှာ အမေရိကန် ပြည်ထောင်စု၊ နယူးဂျာစီမှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ အိုင်စတိုင်းကို ဥရောပနှင့် အမေရိကန် တက္ကသိုလ်တွေက ဂုဏ်ထူးဆောင် ဆုတွေ အများအပြား ပေးအပ်ထားကြောင်း သိရပါတယ်။

messengerdaily

No comments:

Post a Comment

Post Top Ad