ခြေလေးချောင်းပါသည့် မြွေကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိ - All Events

Hot

Post Top Ad

ခြေလေးချောင်းပါသည့် မြွေကျောက်ဖြစ်ရုပ်ကြွင်း တွေ့ရှိ

ရှေးလွန်ခဲ့သည့် နှစ်ပေါင်း(၁၁၃) သန်း သက်တမ်းရှိသည့် ခြေလေးချောင်းပါသည့် မြွေရုပ်ကြွင်းတစ်ခုကို သိပ္ပံပညာရှင်များက ဘရာဇီးနိုင်ငံတွင် မကြာမီက တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။
          ယခင်က ရှေးနှစ်သန်းပေါင်း များစွာမှ ရှာတွေ့နေကျ မြွေရုပ်ကြွင်းများမှာ ပုံမှန်မြွေများအတိုင်း ဖြစ်နေသော်လည်း ယခု တွေ့ရှိမှုမှာ အသစ်ဖြစ်ပြီး၊ ယင်းမျိုးစိတ်မှ ယနေ့မြွေများ တိုက်ရိုက်ဆင်းသက်လာခြင်း ဖြစ်နိုင်ကြောင်း ပညာရှင်များက ယူဆသည်။ ထိုမြွေမှာ လက်မောင်းနှင့် ခြေထောက်များ ရှိသော်လည်း လမ်းလျှောက်ရာတွင် သုံးခြင်းမဟုတ်ဘဲ၊ ဖမ်းစားမည့် သားကောင်များကို ဖမ်းယူရန် သုံးခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။ တူးဖော်ရရှိသည့် ရုပ်ကြွင်းမှာ မြေတွင် တွားသွားပြီး ရေမကူးတတ်ဘဲ၊ မြွေများမြေပြင်ပေါ်တွင် တွားသွားသည့် လှုပ်ရှားမှုကို ခန့်မှန်းမိစေကြောင်း ဆိုသည်။
          ““ဒီရုပ်ကြွင်းက မြွေရုပ်ကြွင်းတွေထဲမှာ ရှေးအကျဆုံး ရုပ်ကြွင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။ ရေနေသတ္တ၀ါမဟုတ် တာလည်း ရှင်းလင်းစွာ မြင်တွေ့ရပါတယ်””  ဟု ဘတ်စ်တက္ကသိုလ် ပညာရှင် ဒေါက်တာ နစ်ခ်လောင်းဂရစ်ခ်ျက ပြောသည်။
          သို့သော် ထိုမြွေရုပ်ကြွင်းတွင် ယနေ့ခေတ် မြွေများနှင့် တူသည့် လက္ခဏာများ ဖြစ်သော သွားများ၊ ပျော့ပြောင်းသည့် မေးရိုးနှင့် ဆူးတောင် ကျောရိုးများ ပါဝင်ကြောင်း ဆိုသည်။
          မြေရုပ်ကြွင်းကို ခန့်မှန်းချက်အရ ထိုခေတ်မြွေ၏ ခြေထောက်နှင့် လက်များ အရှည်မှာ အလျား(၄) မီလီမီတာနှင့် (၇) မီလီမီတာကြား ရှိနိုင်ကြောင်း ဆိုသည်။

Source: BBC
http://www.messengernewsjournal.com/news/Inter/detail.php?id=41230

No comments:

Post a Comment

Post Top Ad