သားဖြစ်သူအစား ဖခင်ဖြစ်သူက ပြစ်ဒဏ်ကျခံမှု ပေါ်ပေါက် - All Events

Hot

Post Top Ad

သားဖြစ်သူအစား ဖခင်ဖြစ်သူက ပြစ်ဒဏ်ကျခံမှု ပေါ်ပေါက်



အမေရိကန် ပြည်ထောင်စုမှာ ဖြစ်ပွားခဲ့တဲ့ မှုခင်းတစ်ခုဟာ စိတ်ဝင်စားစရာ ကောင်းခဲပြီး သားဖြစ်သူ ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်ကို ဖခင်ဖြစ်သူက အစားထိုး ကျခံခဲ့ပေမယ့် အဖြစ်မှန် ပေါ်ပေါက်သွားတာကြောင့် သားအဖနှစ်ဦးစလုံး ဒုက္ခရောက် သွားခဲ့ပါတယ်။ သားဖြစ်သူဟာ ယာဉ်တိုက်မှု ကျူးလွန်ခဲ့တာဖြစ်ပြီး လူနှစ်ဦးကို တိုက်ခဲ့ရာမှာ တစ်ဦးက သေဆုံးပြီး တစ်ဦးက ဒဏ်ရာပြင်းထန်စွာ ရခဲ့ပါတယ်။
ဒါကို ဖခင်ဖြစ်သူက ဖုံးကွယ်ပြီး သူကိုယ်တိုင် တိုက်မိခဲ့တာ ဖြစ်ကြောင်း ၀န်ခံထွက်ဆို ခဲ့တာကြောင့် တရားရုံးက ထောင်ဒဏ် ( ၅)နှစ် ချမှတ်ခဲ့ပါတယ်။ ထောင်ဒဏ်ကျခံတာ နှစ်နှစ်ကြာပြီးတဲ့ နောက်မှာ အဖြစ်မှန် ပေါ်သွားခဲ့တာကြောင့် ဖခင်ဖြစ်သူကို ထောင်ကနေ ပြန်လွှတ်ပေးခဲ့ပေမယ့် သားဖြစ်သူကို စွဲချက် ပြန်တင်ခဲ့ပါတယ်။ ဒါကြောင့် သားဖြစ်သူဟာ ထောင်ဒဏ်ခြောက်နှစ် ကျခံရမယ့် အရေးနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။     ယာဉ်မတော်တဆဖြစ်စဉ်မှာ သားဖြစ်သူ ထောင်ကျခံရမှာကို အကာအကွယ် ပေးခဲ့သူကတော့ အသက် (၄၅)နှစ် ရှိပြီဖြစ်တဲ့ ဆေးလ်ဗား ဖြစ်ပါတယ်။ သားဖြစ်သူဟာ အသက် (၂၂)နှစ်အရွယ် ရှိနေပြီး သူတို့မိသားစုဟာ ၀စ်ကွန်ဆန်ဒေသမှာ နေထိုင်တယ် ဖြစ်ပါတယ်။ အခင်းဖြစ်ပွားချိန်က  ၂၀၁၃၊ စက်တင်ဘာမှာ ဖြစ်ပါတယ်။

       သားဖြစ်သူ ဆေးလ်ဗား ဂျူနီယာဟာ ကားကို အမြန်မောင်းနှင်မှုကြောင့် လူနှစ်ဦးကို တိုက်မိခဲ့တာ ဖြစ်ပါတယ်။ သားဖြစ်သူ ဆေးလ်ဗား ဂျူနီယာဟာ အိမ်ကို ပြန်ရောက်တဲ့အခါ ဖခင်ဖြစ်သူကို လိမ်ညာခဲ့ပြီး ခွေးတစ်ကောင် တိုက်မိကြောင်း ဟြေကြားခဲ့ပါတယ်။ ဒါပေမဲ့ သတင်းတွေမှာ မတော်တဆဖြစ်တဲ့ သတင်းပါလာပြီးနောက် ဖခင်ဖြစ်သူက အကြောင်းစုံ သိသွားခဲ့ပြီး သူ့ကြောင့်ဖြစ်ရတာလို့ ၀န်ခံထွက်ဆို ခဲ့တာကြောင့် ထောင်ကျသွားခဲ့ပါတယ်။ 

        ဒါပေမဲ့ ထောင်ကျခံနေရတာ နှစ်နှစ်ကြာပြီးနောက် ဆေးလ်ဗားရဲ့ဇနီးဖြစ်သူ သူငယ်ချင်းက ရဲစခန်းမှာ အဖြစ်မှန်ကို လာရောက် ပြောဆိုခဲ့လို့ ပြန်လည်စုံစမ်းမှုတွေ ပြုလုပ်ရာ ဆေးလ်ဗားဂျူနီယာက သူကိုယ်တိုင် တိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဖခင် ဖြစ်သူက မိမိထောင်ကျမှာ စိုးရိမ်တာကြောင့် အစားဝင်ခံခဲ့တာဖြစ်ကြောင်း ဟြေကြားခဲ့ပါတယ်။ ဒါကြောင့် အပြစ်မရှိတဲ့ ဆေးလ်ဗားကို လွှတ်ပေးခဲ့ပြီး ဆေးလ်ဗား ဂျူနီယာကိုတော့ ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။

messenger daily news

No comments:

Post a Comment

Post Top Ad