လိင်ပြောင်းတာကို ဖော်ထုတ်လိုက်လို့ သတ်သေဖို့ ကြိုးစားဖူးသူ - All Events

Hot

Post Top Ad

လိင်ပြောင်းတာကို ဖော်ထုတ်လိုက်လို့ သတ်သေဖို့ ကြိုးစားဖူးသူ

ကာရိုလိုင်းကော့ဆေဆိုတဲ့ အမျိုးသမီးဟာ ၁၉၈၁ မှာ ပလေးဘွိုင်းမဂ္ဂဇင်းမှာ ပထမဆုံးပါဝင်ခွင့်ရတဲ့ လိင် ပြောင်းလဲထားတဲ့ ပထမအမျိုးသမီးမော်ဒယ်အဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့် နောက်တစ်နှစ်အကြာမှာ အ၀ါရောင်သတင်းစာ News Of the World က သူမရဲ့အဖြစ်မှန်ကို ဖွင့်ချရေးသားခဲ့လို့ အခက်ကြုံခဲ့ရပါတယ်။

 အင်္ဂလန်မော်ဒယ်တစ်ယောက်ဖြစ်တဲ့ ကာရိုလိုင်းဟာ ခုချိန်မှာ အသက် ၆၀ အရွယ်ရှိနေပြီဖြစ်ပြီး ကော်စမိုပေါ်လီတန်မဂ္ဂဇင်းနဲ့ တွေ့ဆုံရာမှာ သူမရဲ့ငယ်စဉ်ဘ၀မှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို ဖွင့်ဟ သွားခဲ့ပါတယ်။
သူမဟာ လက်ရှိမှာ ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေအကြောင်း ရေးသားထားတဲ့ စာအုပ် ( My Story )ကို အီးဘွတ်ခ်ထုတ်ဝေထားပြီး ဖြစ်ပါတယ်။ “ ကျွန်မငယ်ငယ်တုန်းက ကိုယ် ဘာလဲ ဆိုတာ ပြန်ကြည့်ပြီး ငါဟာ ယောင်္ကျားပဲလို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် တဖြည်းဖြည်းအရွယ်ရောက်လာတော့ အ၀တ်အစားရွေးချယ်ပြီးဝတ်ရတာနဲ့ အရုပ်မလေးတွေကို စိတ်ဝင်စားလာခဲ့ပါတယ်။ ကျွန်မရဲ့ ငယ်နာမည်က ဘယ်ရီပါ။အတန်းထဲမှာလည်း မိန်းကလေးတွေထက် ယောင်္ကျားတွေက ကျွန်မကို ပိုသဘောကျကြပါတယ်။ အဲဒီတုန်းကတော့ ငါဟာ ဂေးတစ်ယောက်လားလို့ စိုးရိမ်ခဲ့ရပါသေးတယ်။ ဂေးကလပ်တွေကလည်း ကျွန်မကို အရက်မူးနေတဲ့ မိန်းကလေးတစ်ယောက်ဆိုပြီး အထဲကို ၀င်ခွင့်မပေးကြပါဘူး။ လိင်ပြောင်းလဲထားတဲ့ လူတစ် ယောက်နဲ့ တွေ့ပြီးတဲ့နောက်မှာတော့ လိင်ပြောင်းလဲဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

 ဗြိတိန်အစိုးရရဲ့အစီအစဉ်နဲ့ လိင်ပြောင်းလဲခွဲစိတ်ဖို့ နှစ်နှစ်လောက်စောင့်ခဲ့ရပြီး နောက်ပိုင်းမှာ ရင်သားအစားထိုးကုသမှု ထပ်ပြီး လုပ်ခဲ့ပါ တယ်။ ဂျိမ်းစ်ဘွန်းဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တဲ့ ကာရိုလိုင်းကို News Of the World က ဖွင့်ချ မရေးသားခင်အထိ အားလုံးက မိန်းမတစ်ယောက်ပဲ ထင်ခဲ့ကြတာပါ။ လိင်ပြောင်းထားတယ်ဆိုတဲ့ အကြောင်းကို လူတွေ သိသွားတဲ့နောက်မှာ သူမကိုယ်သူမ သတ်သေဖို့ အထိ ကြံစည်ခဲ့ပြီး အခန်းအောင်းနေခဲ့ တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာတော့ သူမကို အားပေးသူတွေကြောင့် ဘ၀ကို ဆက်လက်ရှင်သန်နိုင်ခဲ့ တယ်လို့ ကာရိုလိုင်းက ပြောကြားခဲ့ပါတယ်။

Ref – Dailymail
Photo – Dailymail
http://www.planet.com.mm/detail/28319/World 

No comments:

Post a Comment

Post Top Ad