သူမရဲ့ Sex Tape ကို ဒေါ်လာ ၁ သန်းရမှ ဖြန့်ချီခွင့်ပေးမယ်ဆိုတဲ့ Courtney Stodden - All Events

Hot

Post Top Ad

သူမရဲ့ Sex Tape ကို ဒေါ်လာ ၁ သန်းရမှ ဖြန့်ချီခွင့်ပေးမယ်ဆိုတဲ့ Courtney Stodden








ဖြစ်ရပ်မှန် ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Courtney Stodden ဟာ သူမရဲ့ Sex Tape ကို Vivid Entertainment ကုမ္မဏီက ဖြန့်ချီမယ့် အရေး လိုက်လံ တားဆီးနိုင်ဖို့ ကြိုးစားနေပါတယ်။

သူမ အသက် ၁၆ နှစ်မှာ သရုပ်ဆောင် အသက် ၅၁ နှစ်အရွယ် Doug Hutchison နဲ့ လက်ထပ်ပြီး နာမည်စတင်ကြီးလာခဲ့ ရာမှ အခု အသက် ၂၀ ခန့် ရှိနေပြီဖြစ်တဲ့ Courtney Stodden ဟာ အရွယ်ရောက်ပြီးသူတွေကြည့်ရှု ဖို့ အတွက် ဗီဒီယို တွေ ဖြန့်ချီထုတ်လုပ်တဲ့ Vivid Entertainment ကနေ မူပိုင်ခွင့်အတွက် ဒေါ်လာ ၁ သန်း ရရှိပြီး မှ ဖြန့်ချီခွင့်ပြုနိုင်မယ်လို့ Courtney ကဆိုပါတယ်။

Vivid Entertainment ရဲ့ သူဋ္ဌေးဖြစ်တဲ့ Steven Hirsch ကတော့ TMZ သတင်းဌာန ကို Courtney ရဲက Sex Tape အားကြည့်ရှုပြီးဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
“အရမ်းကောင်းပါတယ်။ကျွန်တော်တွေ့ဖူးသမျှထဲမှာ စံထားရလောက်တဲ့ ဗီဒီယိုပါ” လို့ Steven ကဆိုပါတယ်။ ဒါပေမယ့်လည်း Courtney ရဲ့ Sex Tape ကိုဖြန့်ချီဖို့အတွက်တော့ သူမရဲ့ သဘောတူညီမှုကို ရအောင် Steven အရင်ကြိုးစားရမှာဖြစ်ပါတယ်။

Courtney ရဲ့ ရှေ့နေဖြစ်သူကတော့ Vivid Entertainment ကို သဘောတူချက်မရပဲ ထို Sex Tape အားမဖြန့်ချီဖို့နဲ့ ထို Sex Tape ဟာ ပုဂ္ဂိုလ်ရေးသီးသန့် ပစ္စည်းဖြစ်တယ်လို့ နို့တစ်စာ ပို့ထားပါတယ်။

Steven Hirsch ကလည်း ထို Sex Tape အားသူ့ဆီယူဆောင်လာပေးသူ ကို ထုတ်ဖော်ပြောကြားခြင်းမရှိပဲ ဒါဟာ တတိယ ပါတီ ပုဂ္ဂိုလ် တစ်ယောက်သာဖြစ်ကြောင်း နဲ့ Vivid Entertainment ဟာ Sex Tape တွေထုတ်လုပ်ဖို့ မူပိုင်ခွင့်အတွက် အများဆုံး ဒေါ်လာ ၁ သောင်းသာ ပေးလေ့ရှိပြီး သန်းနဲ့ ချီပေးရန် အစီအစဉ် မရှိဘူးလို့ဆိုပါတယ်။

thithtoolwin

No comments:

Post a Comment

Post Top Ad