နှစ် ၅၀၀၀ သက်တမ်းရှိ ကြောက်စရာအိမ်ကြီးထဲမှ လူသေ ၉၇ လောင်းတွေ့ရှိ - All Events

Hot

Post Top Ad

နှစ် ၅၀၀၀ သက်တမ်းရှိ ကြောက်စရာအိမ်ကြီးထဲမှ လူသေ ၉၇ လောင်းတွေ့ရှိ



တရုတ်နိုင်ငံမြောက်ပိုင်း၊ နှစ်ပေါင်း ၅၀၀၀ သက်တမ်းရှိ ရွာဟောင်းထဲက အိမ်တလုံးထဲမှာ နှစ်မြုပ်ခံခဲ့ရတဲ့ လူ ၉၇ ဦးရဲ့ အလောင်းတွေကို ရှေးဟောင်းသုတေသန ပညာရှင်တွေက တွေ့ရှိခဲ့တယ်လို့ The Mirror သတင်းမှာ ဖော်ပြပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ အဲဒီအိမ်ဟာ ဒီနေ့ခေတ် အိမ်တွင်း တင်းနစ်ကစားကွင်းတခုထက် ငယ်ပြီး အိမ်တွင်းတွေ့ရှိရတဲ့ အလောင်းတွေထဲမှာ ဆယ်ကျော်သက်လူငယ်တွေ အပါအ၀င် သက်လတ်ပိုင်းအရွယ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

ကြွင်းကျန် လူသေအလောင်းတွေကို လေ့လာနေတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေက သေဆုံးခဲ့သူတွေဟာ ကပ်ရောဂါလို သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးခဲ့တာဖြစ်ပြီး မြှုပ်နှံမယ့်အစား အဲဒီအိမ်ထဲမှာ စုပြုံပစ်ထားခဲ့ကြတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

“ဟမင်မန်ဂါ” လို့ အမည်တွင်တဲ့ ရှေးဟောင်းသုတေသန နယ်မြေမှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ က နေထိုင်ခဲ့ကြသူတွေရဲ့ စိုက်ပျိုးရေး၊ နေထိုင်မှုပုံစံ၊ အစားအစာရှာဖွေမှု ပုံစံတွေကို လေ့လာနေကြတာ ဖြစ်ပါတယ်။

တရုတ်ရှေးဟောင်း သုတေသနဆိုင်ရာဂျာနယ်မှာ ဟမင်မန်ဂါနယ်မြေဟာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း အကြီးဆုံးနဲ့ အကောင်းဆုံး ထိန်းသိမ်းထားနိုင်တဲ့ ရှေးဦးလူတွေရဲ့ နေထိုင်မှုပုံစံတွေကို တွေ့နိုင်တဲ့ နယ်မြေဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment

Post Top Ad