ဆေးခြောက်ကိုတရားဝင် စိုက်ပျိုးခွင့် ပေးလိုက်တဲ့အင်္ဂလန်ရဲဌာန - All Events

Hot

Post Top Ad

ဆေးခြောက်ကိုတရားဝင် စိုက်ပျိုးခွင့် ပေးလိုက်တဲ့အင်္ဂလန်ရဲဌာန

အင်္ဂလန်နိုင်ငံဒါဟန်ကောင်တီနဲ့ ဒါလင်တန်ဒေသမှာ ဆေးခြောက်သုံးစွဲသူအနေနဲ့ ဝယ်ယူစရာမလိုပဲ ကိုယ်တိုင်စိုက်ပျိုးသုံးစွဲခွင့်ကို Durham ရဲတပ်ဖွဲ့ကခွင့်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်တိုင်သုံးစွဲဖို့ လောက်ငှရုံလောက်ပဲ စိုက်ပျိုးခွင့် ရှိမှာဖြစ်ပြီး ဒီအတွက်ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုလည်း ခံရမှာ မဟုတ်ပါဘူး။




ဆေးခြောက်ကို ကိုယ်တိုင်စိုက်ပျိုးသုံးစွဲမယ်ဆိုရင် ကိုယ်ပိုင်မြေကွက်ထဲမှာပဲ စိုက်ပျိုးရမှာဖြစ်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးပြီး ထုတ်လုပ်ရောင်းချခွင့်မပေးပါဘူး။ ကိုယ်တိုင်သုံးစွဲဖို့ လောက်ငှရုံလောက်သာ စိုက်ပျိုးခွင့်ပေးလိုက်တာဖြစ်ပါတယ်။ သာမန်သုံးစွဲသူတွေအနေနဲ့ ဆေးခြောက်အနည်းငယ်ရရှိဖို့ ပိုပြီးအန္တရာယ်ကင်းတဲ့နည်းလမ်းကို စဉ်းစားပေးခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒါပေမယ့်လည်း စီးပွားဖြစ် ဖြန့်ဖြူးရောင်းချနေတဲ့အဖွဲ့တွေကိုတော့ ဆက်လက်ရှာဖွေဖမ်းဆီးသွားမှာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။


ဆေးခြောက်ရောင်းဝယ်သုံးစွဲမှုနဲ့ ပတ်သတ်ပြီး ရဲတပ်ဖွဲ့ရဲ့ ဦးစားပေးပစ်မှတ်ဟာ တစ်ဦးချင်းအနည်းစီ သုံးစွဲတဲ့ သူတွေမဟုတ်ပဲ စီးပွားဖြစ်လက္ကားရောင်းချဖြန့်ဖြူးနေတဲ့သူတွေဖြစ်တယ်လို့ Durham ရဲတပ်ဖွဲ့ကရဲမင်းကြီးက ပြောပါတယ်။

Ref - mirror
http://www.planet.com.mm/detail/28299/World

No comments:

Post a Comment

Post Top Ad