တစ်ကိုယ်လုံး အမွေးအမှင်တွေ ပေါက်နေတဲ့ ကောင်မလေး - All Events

Hot

Post Top Ad

တစ်ကိုယ်လုံး အမွေးအမှင်တွေ ပေါက်နေတဲ့ ကောင်မလေး


တရုတ်နိုင်ငံက အသက်ရှစ်နှစ်အရွယ် ကောင်မလေး တစ်ဦးဟာ ထူးခြားတဲ့ ရောဂါ ဝေဒနာကြောင့် တစ်ကိုယ်လုံး အမွေးအမှင်တွေ ပေါက်နေပြီး  အပြင်ကို မထွက်ရဲအောင် ဖြစ်နေပါတယ်။ ဦးခေါင်းကနေ ခြေထောက် အထိ အမွေးတွေ ထူးထူးခြားခြား  ထွက်ပေါ်နေတာကြောင့် အပြင်ထွက်တဲ့ အခါတိုင်း နောက်ပြောင်ခံရတာကြောင့် လူမှုဘ၀ကို အများကြီး ထိခိုက် လာစေပါတယ်။
Xiaoling အမည်ရ  ကလေးငယ်ဟာ Hypertrichosis ရောဂါခံစားနေရတာ ဖြစ်တယ်လို့ ဆရာဝန်တွေက ယူဆထားတာ ဖြစ်ပါတယ်။ ဒီရောဂါဟာ ခန္ဓာကိုယ် တစ်ခုလုံး အမွေးအမှင်တွေ ထွက်တဲ့ ရောဂါ ဖြစ်ပြီး၊ သာမန် အမွေးအမှင်တွေလို မဟုတ်ဘဲ အလွန်များပြားနေတာကြောင့် စိတ် အနှောင့်အယှက်များစွာ  ဖြစ်စေပါတယ်။ မှတ်တမ်းတွေအရ ဒီရောဂါခံစားနေရ သူဟာလည်း ကမ္ဘာကြီးမှာအနည်းငယ်သာ ရှိကြောင်း သိရပါတယ်။ဆေးပညာ ဂျာနယ်တစ်ခုရဲ့ ဖော်ပြချက်အရ ဒီရောဂါ ရရှိသူအရေအတွက်ဟာ (၃၅) ဦးသာ ရှိတယ်လို့ ဆိုထားပါတယ်။ (၁၉) ရာစုတုန်းက ရုရှားနိုင်ငံက ဂျက်တီချောဟာ ဒီရောဂါ ဝေဒနာခံစားခဲ့ရပြီး၊ သူ့ကို ခွေးမျက်နှာနဲ့ လူလို့ခေါ်ဆိုပြီး ဆပ်ကပ်ရုံမှာ ပြသခဲ့ဖူးကာ အမေရိကန်ကိုတောင် ရောက်လာဖူးကြောင်း သိရပါတယ်။

        ဒီရောဂါဟာ ထူးဆန်းတဲ့ ရောဂါဖြစ်ပေမယ့် ဆရာဝန်တွေကတော့ လေဆာကုထုံးနဲ့ ကုသပါက ပျောက်ကင်းနိုင်တယ်လို့ ဆိုထားပါတယ်။ Xiaoling ဟာ တစ်ကိုယ်လုံး အမွေးတွေ ထူထပ်စွာ ပေါက်နေတာကြောင့် နောက်ပြောင်ခံရပြီး ရေကူးခြင်း၊ စကပ်တို ၀တ်ခြင်းတို့ကို ပြုလုပ်နိုင်ခြင်း မရှိပါဘူး။ ဒါကြောင့် လေဆာကုထုံးနဲ့ ကုသဖို့ ကြိုးစားနေပမေယ့် ငွေကြေး တတ်နိုင်ခြင်း မရှိတာမို့ ရန်ပုံငွေ ရှာဖွေနေရဆဲ ဖြစ်ကြောင်း သိရပါတယ်။

Messenger daily

No comments:

Post a Comment

Post Top Ad